Full article

၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလမှ စတင် ရပ်နားခဲ့သော တက္ကစီတင်သွင်းခွင့် ပါမစ်ကို ၂ဝ၁၄ ခုနှစ် နှစ်ကုန်အထိ ယာယီရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှသတင်းရရှိသည်။ ![Taxi](/redline/content/images/2014/01/Taxi.jpg)

ယခင်က တက္ကစီတင်သွင်းခွင့် ပါမစ်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိစစ်ချထားပေးခဲ့ပြီး လက်ရှိတွင် ရန်ကုန်မြို့တွင်း ဖြစ်ပေါ်နေသော ယာဉ်ကြောကျပ်တည်းမှု များကြောင့် ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ အငှားယာဉ်တက္ကစီ တင်သွင်းခွင့်ပါမစ်ကို ယာယီရပ်ဆိုင်းခြင်းနှင့် ယာဉ်ကြောကျပ်တည်းမှုဖြေလျှော့ရန် ခုံးကျော် တံတားများ တည်ဆောက်ခဲ့သော်လည်း ယာဉ်ကြောကျပ်တည်းမှုကို အနည်းငယ်သာဖြေလျှော့နိုင်သောကြောင့် အငှားယာဉ်တင်သွင်းခွင့်ပါမစ်အား ၂ဝ၁၄ ခုနှစ် ကုန်အထိယာယီရပ်ဆိုင်းမည် ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်ကပြောသည်။ လက်ရှိတွင် မြို့တော်စည်ပင် ၌တရားဝင် မှတ်ပုံတင်ထားသည့် စာရင်းများအရ ရန်ကုန်မြို့တွင် တက္ကစီ အစီးရေ ၂၂,ဝဝဝ ကျော်၊ ကညနမှ ထုတ်ပြန်သည့် စာရင်းများအရ အစီးရေ ၃၄,ဝဝဝ ကျော် နှင့် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ (AA, BB, CC, DD) အပါအဝင် အစီးရေ ၃၆,ဝဝဝ ကျော်ရှိကြောင်း ဌာနများက အသီးသီး ထုတ်ပြန်ထားပြီး ပျမ်းမျှအားဖြင့် လက်ရှိ ရန်ကုန်မြို့တွင်း တက္ကစီအစီးရေမှာ သုံးသောင်းကျော်ခန့်ရှိကြောင်း စာရင်းများအရသိရသည်။

Ref: Automobile

Author