Full article

(၁.၃) ကားများအား ကား Show-Room များမှ အာရုံစိုက်မှု နည်းပါးလာကာ (၁.၅) နှင့် (၁.၈) အင်ဂျင်ပါဝါ ကားများ ဘက်သို့ ခြေလှမ်း စိပ်လာသဖြင့် လေလံ တွင် (၁.၃) ကားများ ဝယ်ယူရန် ဈေးနှုန်းများမှာ အသင့်တော်ဆုံး ဖြစ်နေကြောင်း ကား Sales Centre ပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။

Probox

လေလံတွင် (၁.၃) ကားအရေ အတွက်များ နေကာ ပြည်တွင်း ၌ ရန်ကုန်တိုင်းဒေသကြီး အတွက် တက္ကစီပါမစ်များ ရပ်နားထားသော်လည်း (၁.၃) ကားများ ရောင်းကောင်း ကြောင်းသိရသည်။ တက္ကစီအတွက် ဝယ်နေကြတယ်။ Probox နဲ့ Succeed က ရောင်းရတယ်။ အခု(၁.၃) တွေက လေလံမှာ ဝယ်လို့ကောင်း နေတယ်။ ဈေးက ပုံမှန်ဖြစ် နေတာ။ အရင်က ကားကောင်းရင် ကောင်းသလို ယန်း (၄၊ ၅) သောင်း လောက်ပိုပေးရတယ်။ ဂျပန်မှာ ယာဉ်သက်တမ်း (၅) နှစ် ဆိုတော့ လေလံမှာ (၁.၃) တင်တာ အရေအတွက် အများချည်းပဲလို့ ရှင်းပြသည်။ တက္ကစီပြုလုပ်ရန် (၁.၃) များ ဆက်လက် အဝယ်လိုက်နေပြီး AD Van မှာ(၈၅၊ ၉ဝ) သိန်းကြား ရှိနေ၍ Probox မှာ (၁ဝဝ) နှင့် (၁ဝ၂) သိန်းကြားရှိကာ Probox ကား ပို၍ လူကြိုက်များ နေကြောင်း သိရသည်။ (၁.၅) ကားများအား C.I.F တန်ဖိုးချပေး လိုက်သဖြင့် လူအများမှ ထိုကားများဘက် သို့ စိတ်ဝင်စားမှု များကာ (၁.၃)ကားများ လေလံတွင် ဈေးနှုန်းများ တန်းသွားခြင်းဖြစ် ကြောင်းသိရသည်။

Ref: Auto World

Author

Comments