နယ်လိုင်စင် တက္ကစီများကို မြို့ပြင် ထုတ်မည်မဟုတ်ဘဲ ညအိပ်ခွန် ကောက်ခံခြင်းသာ လုပ်ဆောင်မည်

0

Full article

ရန်ကုန်တွင် ဝင်ရောက်ပြေးဆွဲနေသော နယ်လိုင်စင် တက္ကစီများကို မြို့ပြင်ထုတ်မည်မဟုတ်ဘဲ ညအိပ်ခွန် ကောက်ခံခြင်းသာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ကသိရသည်။

"နယ်လိုင်စင်ကားတွေ မြို့ပြင်ထုတ်မယ်ဆိုတာ မဟုတ်ပါဘူး။ ရန်ကုန်မြို့ထဲ မဝင်လာနဲလို့လည်း ပြောလို့မရပါဘူး။ ဥပဒေနဲ့အညီ လုပ်ဆောင်တာတွေ ညအိပ်ခွန် ကောက်တာမျိူးတွေတော့ လုပ်လာနိုင်ပါတယ်။"ဟု သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဌားယာဉ် စီးတီးတက္ကစီ မှတ်ပုံတင်ပြုလုပ်ခြင်းကို ဒီဇင်ဘာလ ၃၁ ရက်နောက်ဆုံးထား ပြုလုပ်ရန် အာဏာပိုင်အဖွဲ့မှ အသိပေးကြေငြာ ထားပြီး ထိုရက်နောက်ပိုင်းတွင် စီးတီးတက္ကစီ မှတ်ပုံတင်မပြုလုပ်သော ယာဉ်များနှင့် နယ်လိုင်စင်ဖြင့် ပြေးဆွဲသွားလာနေသော ကားများမြို့ပြင် ထုတ်မည်ဆိုသော သတင်းများပျံ့နှံ့ခဲ့သည်။

L-01

Author