ရန်ကုန်မြို့ တွင်း ပြေးဆွဲလျှက်ရှိသော အဌားယာဉ် Taxi အစီးရေ များပြားနေ၍ စနစ်တကျပြေးဆွဲနိုင်ဖို့ Taxi operator စတင်လုပ်ဆောင်သွားမှာ ဖြစ်ရာ လုပ်ငန်းမလုပ်ဆောင်ပါက ရာသက်ပန်မဟုတ်တဲ့ နံပတ်အနီကနေ နံပတ်အနက်ကို ပြောင်းလဲနိုင်တယ်လို့ ယနေ့ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က မီဒီယာများမေးမြန်းမှူကို ဖြေကြားခဲ့ပါတယ်။ ရာသက်ပန် တက္ကစီမဟုတ်တဲ့ ကားတွေက လုပ်ငန်းမဆောင်ရွက်ရင် နံပတ်အနီကနေ နံပတ်အနက်ကို ပြန်ပြောင်းလို့ရပါတယ်။ တက္ကစီကား တွေက အချိန်ပြည့် လမ်းပေါ်မှာ လှည့်ပတ်နေတဲ့အတွက် ယာဉ်ကြောကြပ်တည်းမှူက အဲဒါတွေလည်းပါ ပါတယ်။ဒါကြောင့် Taxi တွေ စနစ်တကျပြေးဆွဲနိုင်ဖို့ Taxi operator တွေ စတင်လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ အထက်ပါ စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ရန်ကုန်မြို့တွင် ရာသက်ပန် AA , BB ,CC , ကားများသည် ကားအစီးရေ ၃ဝဝဝဝ နှင့် ရာသက်ပန်မဟုတ်တဲ့ နံပတ်အနက်မှ နံပတ် အနီပြောင်းလာတဲ့ Taxi ကားအစီးရေ ၃ဝဝဝ ရှိရာ အခြားပြည်နယ်တွေကနေ ဝင်ရောက်ပြေးဆွဲ့သည့် Taxi အစီးရေ ၃ဝဝဝဝ ရှိနေရာ စုစုပေါ်း Taxi အစီးရေ ၉ဝဝဝဝ ရှိနေကြောင်း သိရပါတယ်။
ခေတ်သစ်