နယ်လိုင်စင် တက္ကစီများ ကန့်သတ်ရန် မော်တော်ယာဉ် ဥပဒေနှင့် ပတ်သက်သော အစိုးရဌာနများနှင့် ဆွေးနွေးပြီးမှ လုပ်ဆောင်မည်

0

Full article

ရန်ကုန်မြို့တွင် ဝင်ရောက်ပြေးဆွဲနေသော နယ်လိုင်စင် တက္ကစီကားများကို ပြေးဆွဲခွင့်ကန့်သတ်ရန် မော်တော်ယာဉ် ဥပဒေနှင့် ပတ်သက်သော အစိုးရဌာနများဖြစ်သည့် ကုန်လမ်းပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့နှင့်ဆွေးနွေးပြီးမှသာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံကနေ သိရသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော နယ်လိုင်စင်တက္ကစီ ကားများကို နယ်နှင်သွားမည်၊ အခွန်ပိုမိုကောက်ခံမည်ဟူသော သတင်းများ ထွက်ရှိနေပြီး ထိုကဲ့သို့ လုပ်ဆောင်မည်ဆိုပါက မြန်မာတစ်ပြည်လုံး မောင်းနှင်ခွင့်ရှိသော မော်တော်ယာဉ် ဥပဒေကို ရေးဆွဲထုတ်ပြန်ထားသည့် အစိုးရဌာနများနှင့် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

" နယ်လိုင်စင်တက္ကစီတွေ ကန့်သတ်တာတွေ၊ သွားလာတာပိတ်မယ်ဆိုတာတွေက မှတ်ပုံတင်လုပ်ငန်းတွေ၊ မော်တော်ယာဉ် ဥပဒေတွေနဲ့ပတ်သက်နေတယ်။ ဒါကြောင့် အဲ့ဌာနတွေ အဖွဲ့တွေနဲ့ ဆွေးနွေးပြီးမှ လုပ်လို့ ရမှာပါ။"ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်သော အဌားယာဉ်များ၊ စီးတီးတက္ကစီ မှတ်ပုံတင် လာရောက်မလုပ်ဆောင်သောကားများ၊ စတေကာအမဲတပ်ဆင်ထားသောကားများနှင့် စည်းကမ်းချက်ဖြင့်မကိုက်သော ကား များကို ထိရောက်စွာဖမ်းဆီးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
R-01

Author