အဌားယာဉ် Taxi များ လုပ်ငန်းလိုင်စင် ၂ နှစ် လုပ်ကိုင်ပြီးမှသာ ယာဉ်အပ်နှံခြင်းလုပ်ငန်း ဆောင်ရွက်ပေးမည်

0

Full article

![](/redline/content/images/2017/06/ASssss-300x224.jpg)

အဌားယာဉ် Taxi များ အပ်နှံခွင့်ပြုရာတွင် (ဂ)လုပ်ငန်းလိုင်စင်ရယူပြီး အနည်းဆုံး ၂ နှစ် လုပ်ကိုင်ပြီးမှသာ ယာဉ်အပ်နှံခြင်းလုပ်ငန်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။ အဌားယာဉ် Taxi များ ပြေးဆွဲမှူမရှိသေးဘဲ လာရောက်အပ်နှံခြင်းများရှိနေ၍ (ဂ)လုပ်ငန်းလိုင်စင် ၂ နှစ်ပြေးဆွဲခွင့်ပြုခြင်းဖြစ်တယ်လို့သိရသည်။ ယနေ့ Taxi ယာဉ်အပ်နှံပြီး Taxi စလစ်ပြန်ရရှိ၍ အဌားယာဉ် Taxi စလစ်ပေါက်ဈေး ကျပ်သိန်း ၁ဝ၁ ဖြင့် အရောင်းအဝယ်ပြုလုပ်နေလျှက်ရှိတယ်လို့ စလစ်အရောင်းအဝယ်ပြုလုပ်နေသူများကသိရပါတယ်။ အဌားယာဉ် Taxi (ဂ)လုပ်ငန်းလိုင်စင် အဖြစ် လုပ်ဆောင်ပြီးသောယာဉ်များကို လာရောက်အပ်နှံမှသာ Taxi စလစ်ထုတ်ပေးမည်ဖြစ်တယ်လို့ သိရသည်။

ခေတ်သစ်

Author