အဌားယာဉ် တက္ကစီများအတွက် မျှတသည့် ယှဉ်ပြိုင်မှုဖြစ်စေရန် နည်းဥပဒေများရေးဆွဲမည်ဟု လမ်းပန်းဝန်ကြီးဆို

0

Full article

အငှားယာဉ်တက္ကစီများအတွက် မျှတသည့်ယှဉ်ပြိုင်မှုဖြစ်စေမည့် နည်းဥပဒေများရေးဆွဲဆောင်ရွက်သွား မည်ဖြစ် ကြောင်း လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က ဒီဇင်ဘာ ၄ ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းလွှတ်တော်ပဥ္စမပုံမှန်အစည်းအဝေးတွင်ပြောကြားခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)လွှတ်တော်ကို်ယ်စားလှယ် ဦးနေဘုန်းလတ်မှ "Mobile App သုံး Online"အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းများရှင်သန်ဖွံ့ဖြိုးလာပြီး မြန်မာ့အငှားယာဉ်လောက တစ်ခေတ်ဆန်းစေရေး အတွက် လို်အပ်သောစည်းမျဉ်း၊ စည်းကမ်းများ၊ နည်းဥပဒေများရှိစေရေး မည်သို့ မည်ပုံစီမံထားသည်ကို သိလို ကြောင်းမေးခွန်းမေးမြန်းမှုအပေါ် ဖြေကြားသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လမ်းပန်းဝန်ကြီးက အငှားယာဉ်လောကတွင် Oway, Hello Cab , Uberနှင့် Grab အစရှိသည့် နည်းပညာ အခြေပြု အဌားယာဉ်လုပ်ငန်းများသည် ခရီးသည်များအတွက် အဆင်ပြေမှုနှင့်လုံခြုံမှုပေးနိုင်မှုကြောင့် ဝန်ဆောင်မှုပိုမို ကောင်းမွန်လာပါကြောင်း၊ တစ်ဘက်တွင်လည်း တစ်ဦးချင်း မှန်မှန်ကန်ကန် ယှဉ်ပြိုင်ဆောင်ရွက်နိုင်ရေးအတွက် အဆိုပါ ကုမ္ပဏီ(၄)ခုအား ခေါ်ယူညှိနှိုင်းဆောင်ရွက်မှု (၃)ကြိမ်ရှိပြီဖြစ်ပါကြောင်း၊ အငှားယာဉ်များအတွက် မျှတသည့် ယှဉ်ပြိုင် မှုဖြစ်စေရန်အတွက် စည်းမျဉ်း၊ စည်းကမ်းများနှင့် နည်းဥပဒေများကို ပြည်ထောင်စုဝန်ကြီးဌာနမှ ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနနှင့် YRTA တို့မှပေါင်းစပ်ပြီး ရေးဆွဲဆောင်ရွက်သွားရန် အစီအစဉ် ရှိပါကြောင်း ပြောကြား သွားခဲ့သည်။

R-01

Author