ဘတ်(စ်)ကားမှတ်တိုင်တွင် စည်းကမ်းမဲ့ ရပ်နားထားသောအဌားယာဉ်များကို ထိရောက်စွာ အရေးယူမည်

0

Full article

 

အများပြည်သူများ စီးနင်းလိုက်ပါသည့် ဘတ်စ်ကားမှတ်တိုင်များတွင် စည်းကမ်းမဲ့ ရပ်နားထားသော အဌားယာဉ် တက္ကစီများကို တွေ့ရှိပါက ထိရောက်စွာဒဏ်ရိုက် အရေးယူသွားမည်ဖြစ်ပြီး ရာသက်ပန်မဟုတ်သည့် အဌားယာဉ် တက္ကစီများကို နံပတ်အနက် ပြန်ပြောင်းသည်အထိ လုပ်ဆောင်သွားမည်ဟု အများပြည်သူသယ်ယူပို့ ဆောင်ရေး အာဏာပိုင်အဖွဲ့ အစည်းအဝေးထံမှ သိရသည်။

ထိုသို့ အရေးယူရာတွင် စည်းကမ်းမဲ့ ရပ်နားထားသော အဌားယာဉ်များကို ကရိန်းယာဉ်ဖြင့်ဆွဲယူသွားမှာဖြစ်ပြီး လုပ်ငန်းလိုင်စင်တွင် ရာသက်ပန်အပူးအက္ခရာ တက္ကစီဖြစ်လျှင် ထိရောက်စွာ ဒဏ်ရိုက်အရေးယူမည်ဖြစ်ကာ ရာသက်ပန်မဟုတ်သည့် တက္ကစီများကိုတော့ နံပါတ်အနက် ပြန်ပြောင်းလဲသွားမည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေးကိစ္စများကို တင်းကြပ်စွာ ကိုင်တွယ်မှုများရှိလာရာ အပူးအက္ခရာ အဌားယာဉ်တက္ကစီများကို နံပါတ် အနက်သို့ ပြန်လည်ပြောင်းလဲရမည်ဟု မီဒီယာများနှင့် တွေ့ဆုံစဉ် ရန်ကုန်တိုင်းဝန်ကြီးချုပ်က မကြာခဏ ပြောကြားထားမှုများရှိခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရာသက်ပန် အဌားယာဉ် တက္ကစီများဖြစ်သည့်AA , BB ,CC , ကားများသည် ကားအစီးရေ ၃ဝဝဝဝ နှင့် ရာသက်ပန်မဟုတ်သည့် တက္ကစီများဖြစ်သော နံပါတ်အနက်မှ နံပတ်အနီပြောင်းထားသည့် Taxi ကားအစီးရေ ၃ဝဝဝဝ စုစုပေါင်း တက္ကစီ အစီးရေ ၆သောင်း ကျော်အထိ ရှိနေပြီး နယ်လိုင်စင်ဖြင့် ဝင်ရောက်ပြေးဆွဲနေသည့် တက္ကစီများလည်း ရှိနေကြောင်း သိရပါသည်။

ခေတ်သစ်

Author