နယ်လိုင်စင်တက္ကစီများကို ကုမ္ပဏီများချထားပေးပီမှ ရန်ကုန်မြို့ဝင်ကန်သတ်မည်

0

Full article

ရန်ကုန်မြို့တွင်းဝင်ရောက်ပြေးဆွဲမောင်းနှင်နေတဲ့ နယ်လိုင်စင်တက္ကစီများကို ကုမ္ပဏီများအားချထားပေးပြီးမှ ရန်ကုန်မြို့ဝင်ကိုကန့်သတ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်မြို့ဝင်ရောက်ပြေးဆွဲနေတဲ့ တက္ကစီအရေအတွက်ကို ဒီဇင်ဘာလအတွင်းစာရင်းကောက်ယူသွားမှာဖြစ်ရာကုမ္ပဏီများကိုချထားပေးသွားမှာဖြစ်တယ်လို့ အများပြည်သူသယ်ယူပို့ဆောင်ရေးအဏာပိုင်အဖွဲ့အတွင်းရေးမှူးကပြောပါတယ်။ရန်ကုန်မြို့မှာနယ်လိုင်စင်တက္ကစီနဲ့ပြေးဆွဲနေတာကို ဒီဇင်ဘာလဆန်းလောက်မှာစာရင်းကောက်ယူသွားဖို့လုပ်နေပါတယ်။စာရင်းတွေကောက်ပြီးမှ ကုမ္ပဏီတွေပေးတဲ့အခါကျရင်တော့ကန့်သတ်ဖို့လုပ်သွားမှာလို့ ယင်းကပြောပါတယ်။

ရန်ကုန်မြို့တွင် city taxiအနေနဲ့မှတ်ပုံတင်ပြုလုပ်ထားတဲ့အစီးရေ ၆ဝဝဝဝ နီးပါးရှိနေရာ နယ်မှဝငအရောက်ပြေးဆွဲနေတဲ့ ကားများမှာ ဧရာဝတီ၊ကရင်၊ရှမ်း၊မန္တလေးကားများအများဆုံးပါဝင်နေတယ်လို့သိရပါတယ်။

ခေတ်သစ်

Author