ရန်ကုန်တိုင်းအတွင်း မောင်းနှင်နေလျှက်ရှိသော တက္ကစီကားများကို CNG စနစ်အစား LPG စနစ် အသုံးပြုပြောင်းလဲ ရန် ရန်ကုန်အစိုးရက စွမ်းအင်ဝန်ကြီးဌာနအား မေးမြန်းထားသော်လည်း ပြောင်းလဲသွားရန် မဖြစ်နိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမော်တော်ယာဉ်သုံး သဘာဝဓတ်ငွေ့ရောင်းချရေးဌာနက သိရသည်။
" အပြင်မှာထွက်နေသလို တက္ကစီတွေကို CNG ကနေ LPG ကို ပြောင်းလဲမယ်ဆိုတာ မဟုတ်ပါဘူး။ လုပ်ဖို့ကလည်း မဖြစ်နိုင်သေးဘူး။ တက္ကစီတွေကို အရင်ထဲက CNG ပေးထားတဲ့ကားတွေ ဖြစ်နေတာ။ တက္ကစီတွေအတွက် CNG ပေးနေရတာတော့ များနေတယ်။ နောက်ပိုင်းအသစ်ဝင်တဲ့ကားတွေကိုတော့ CNG ချမပေးတော့ပါဘူး။"လို့ စွမ်းအင် ဝန်ကြီးဌာနမော်တော်ယာဉ်သုံး သဘာဝဓတ်ငွေ့ရောင်းချရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ရာသက်ပန် တက္ကစီများနှင့် ရာသက်ပန် မဟုတ်သည့် အက္ခရာ အဌားယာဉ် တက္ကစီအစီးရေ ၆ သောင်း ၈ထောင် ကျော်ရှိပြီး သဘာဝဓတ်ငွေ့ စီအမ်ဂျီ အသုံးပြုနေသည့် ကားအစီးရေ ၁သောင်း၆ထောင် ကျော်ရှိနေရာ ခရီးသည်တင် YBS ကားများအပါအဝင် သာဘာဝဓတ်ငွေ့ ကုဗပေ ၂၁ သန်းနီးပါး ကို ရောင်းချပေးနေကြောင်း သိရသည်။
Regulation