တက္ကစီကားများ စက်ကိရိယာဖြင့် စစ်ဆေးရာတွင် အလိုင်းမန့် နှင့်မီးခိုးထွက်ရှိမှု မမှန်သောကားများ တွေ့ရှိ

0

Full article

ရန်ကုန်တိုင်း အတွင်းမောင်းနှင်နေသော အဌားယာဉ် တက္ကစီများကို ယာဉ်ကြံခိုင်မှုရှိ၊ မရှိ စက်ကိရိယာ ၆ မျိုးအနက် side slip tester ဖြင့်စစ်ဆေးရာတွင် ကားအများစုမှာ အလိုင်းမန့်နှင့် မီးခိုးထွက်ရှိမှု မမှန်သည်ကို တွေ့ရကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ သိရသည်။

တက္ကစီများ စက်ကိရိယာ အမျိူးအစား ၆ မျိူး ဖြင့် စစ်ဆေးရာတွင် မအောင်မြင်ပါက ဝပ်ရှော့များတွင် ပြန်လည် ပြင်ဆင်ပြီးမှ ယာဉ်များကို ထပ်မံစစ်ဆေးပေးသွားမည် ဖြစ်ကြောင်းသိရသည်။

"တက္ကစီတွေကို side slip tester နဲ့စစ်ဆေးတာ ကျတဲ့ကားများတယ်။ အလိုင်းမန့်မမှန်တာရယ် မီးခိုးထွက်တာ မမှန်တာရယ်ပေါ့။ ၂ဝဝဝ မိုဒယ်ဆိုရင် မီးခိုးထွက်တာ မှန်တယ်။ "လို့ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကညန မြင်သာတွင် တက္ကစီများကို စစ်ဆေးနေသော စက်ကိရိယာ၆ မျိူးမှာ side slip tester, exhaust emission tester , axle play tester, headlamp tester, brake tester နှင့် noise tester တို့ဖြစ်ကြောင်းသိရသည်။

Author