တက္ကစီများ ဒီဇင်ဘာလ ၁ ရက်ကစတင်ပြီး စက်ကိရိယာများဖြင့် စစ်ဆေးသွားမည်

0

Full article

အဌားယာဉ် တက္ကစီများကို ဒီဇင်ဘာလ ၁ ရက်ကစတင်ပြီး safety ဖြစ်၊ မဖြစ် စက်ကိရိယာများဖြင့် စစ်ဆေးသွားမည်ဟု အသိပေး နှိုးဆော်ထားကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနကနေ သိရသည်။

အဌားယာဉ် တက္ကစီ ပိုင်ရှင်များ ယာဉ်၏ ဘရိတ်စနစ်၊ မီးစနစ်၊ စတီယာရင်စနစ်၊ မီးခိုးထွက်ရှိမှုစနစ်များ၊ တာယာစနစ်၊ ဟွန်းစနစ်များကို သေချာစွာ ပြုပြင်ပြင်ဆင်ထားရှိရမှာဖြစ်ပြီး ယာဉ်စစ်ဆေးခြင်းကို ခံယူရမှာဖြစ်ကြောင်းသိရသည်။

"လမ်းပေါ်မှာသွားလာရင် ကြံ့ခိုင်မှုရှိ၊ မရှိကို စက်တွေနဲ့ စစ်မယ်။ ကားရဲ့လိုအပ်တဲ့အပိုင်းတွေကို ကြိုတင်ပြင်ဆင်တာတွေ လုပ်ပြီးမှ ယာဉ်စစ်လို့ ရမှာပါ။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တက္ကစီကားများကို ဒီဇင်ဘာလ ၁ ရက်က စတင်ပြီး side slip tester, exhaust emission tester , axle play tester, headlamp tester, brake tester , noise tester များဖြင့် စစ်ဆေးသွားမည်ဟု သိရသည်။

လုပ်ငန်းသုံးကားကြီးများနှင့် အိမ်စီးနံပါတ်အနက်ကားများအား စက်ကိရိယာဖြင့် စစ်ဆေးမှုများကို ၂ဝ၁၇ ခုနှစ် ကစတင် လုပ်ဆောင်ခဲ့ပြီး တက္ကစီကားများအား စက်ကိရိယာ စစ်ဆေးခြင်းကိုတော့ ယခုမှ ဆောင်ရွက်ခြင်းဖြစ်သည်။

Unicode Version






Author