တက္ကစီများကို စက်ကိရိယာဖြင့် စစ်ဆေးမှု မအောင်မြင်က ယာဉ်သက်တမ်းတိုးခွင့်မပေးဘဲပြန်လွှတ်မည်

0

Full article

တက္ကစီများကို စက်ကိရိယာဖြင့် စစ်ဆေးမှု မအောင်မြင်က ယာဉ်သက်တမ်းတိုးခွင့်မပေးဘဲ ပြန်လွှတ်သွားမှာ ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနထံကနေ သိရသည်။

ရန်ကုန်တွင် မောင်းနှင်သော တက္ကစီများကို ဒီဇင်ဘာလ ၁ ရက်ကစပြီး မြင်သာကညနရုံးတွင် ယာဉ်ကြံခိုင်မှုရှိ၊ မရှိ စက်ပစ္စည်း ၆ မျိူးဖြင့် စစ်ဆေးနေရာ အောင်မြင်မှူမရှိသော အပိုင်းကို ပြန်လည်ပြင်ဆင်ပြီးမှသာ စစ်ဆေးပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

"တက္ကစီတွေကို စက်ကိရိယာနဲ့စစ်ဆေးတာ စလုပ်နေပါပြီ။စက်ကိရိယာနဲ့စစ်ဆေးလို့ မအောင်မြင်ရင်ပြန်ပြင်ဆင်ပြီးမှထပ်မံလာရောက် စစ်ဆေးခံရမယ်။ သတ်မှတ်ထားတဲ့ စံနှူန်းအတိုင်း မီးခိုးထွက်တာ မမှန်ရင် မမှန်တဲ့ အပိုင်းပြန်ပြင်ပြီးမှ စစ်ဆေးပေးမှာပါ။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနထံကနေ သိရသည်။

တက္ကစီများကို စက်ပစ္စည်းများဖြင့် စစ်ဆေးရာတွင် အချိန် ၁၅ မိနစ်ခန့်ကြာမှာဖြစ်ပြီး စစ်ဆေးသွားမည့် စက်ကိရိယာ အပိုင်းများမှာ side slip Tester, Exhaust Emission Tester, Axle play Tester, Headlamp Tester, Brake Tester , Noise Tester တို့နဲ့ စစ်ဆေးသွားမှာ ဖြစ်ကြောင်း သိရသည်။

R-01

R-01

Author