ရာသက်ပန် မဟုတ်သည့် တက္ကစီ နံပတ်အနီများကို အိမ်စီးကား ပြန်ပြောင်းလဲရန် စီစဉ်နေဆဲသာရှိ

0

Full article

Photo Credit

 

ရန်ကုန်တိုင်းဒေသကြီးတွင် ပြေးဆွဲနေသည့် ရာသက်ပန် တက္ကစီ နံပတ်အနီများ နံပတ်အနက် အိမ်စီးကား ပြန်ပြောင်းလဲရန် စီစဉ်နေဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ်က ပြောကြားသွားခဲ့ပါသည်။

ထိုကဲ့သို့ ပြောကြားသွားသည်မှာ စက်တင်ဘာလ ၁၅ ရက် YBS ယာဉ်လိုင်း ရှစ်လပြည့် အစည်းအဝေးတွင် ရန်ကုန်တိုင်းဝန်ကြီးချူပ်က ပြောကြားသွားခဲ့ခြင်းဖြစ်ပြီး မည်သည့်အချိန်လုပ်ဆောင်မည်ကိုတော့ ပြောကြားခြင်းမရှိခဲ့ပေ။

"အစည်းအဝေးမှာ ပြောသွားတာက ရာသက်ပန်မဟုတ်တဲ့ တက္ကစီတွေကို အနက်ပြောင်း လဲဖို့ရှိတယ်လို့ ပြောသွားတာပါ။ ဘယ်အချိန်လုပ်မယ်ဆိုတာကိုတော့ ဘာမှမပြောပါဘူး။ ရာသက်ပန်မဟုတ်တဲ့ လုပ်ငန်းသုံးကားတွေ အိမ်စီးကားပြောင်းလဲနိုင်တယ်လို့ ပြောခဲ့တာပါ။"ဟု YBS ယာဉ်လိုင်း အစည်းအဝေး တက်ရောက့်ခဲ့သူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင် တက္ကစီအရေအတွက်နှင့် ပတ်သက်ပြီး လေ့လာဆန်းစစ်မှုများပြုလုပ်နေကြောင်း၊ တက္ကစီအရေအတွက်သည် ရှိသည်ပိုမိုများပြားနေကြောင်းနှင့် ဘယ်အရေအတွက်ထားသင့်သလဲ ဆိုတာ လေ့လာမှုပြုနေကြောင်းကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းက Grab တက္ကစီ မိတ်ဆက်ပွဲတွင် ပြောကြားသွားခဲ့ဖူးသည်။

ရန်ကုန်မြို့တွင် တက္ကစီ ၆၈ဝဝဝ ကျော်ရှိသည်ဟု ကညနမှ သိရပြီး နယ်မှ ဝင်ရောက်ပြေးဆွဲနေသည့် နယ်အက္ခရာ တက္ကစီများလည်းရှိသည်ဟု သိရသည်။

ခေတ်သစ်

Author