ယဉ်ထုတ်ရက်လွန်ဒဏ်ကြေးများကို အမြတ်ခွန်ရှင်းပါက ထုတ်နှုတ်ခံစားခွင့်ပြုမည်မဟုတ်

0

Full article

မော်တော်ယာဉ်များ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနတွင် ပေးဆောင်နေရသော ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးများမှာ အခွန်ပေးဆောင်ရသည့် စာရင်းတွင်မပါဝင်ဘဲ အခ ဖြစ်သည့်အတွက် နှစ်ကုန်သည့်အခါ အမြတ်ခွန်ရှင်းပါက ထုတ်နှုတ်ခံစားခွင့် ရမည်မဟုတ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

"ကညနမှာပေးရတဲ့ ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးက အခွန်ထဲမှာမပါဘူး။ အခ ထဲမှာပါတဲ့အတွက် နှစ်ကုန်လို့ အ မြတ်ခွန်ရှင်းရင် ခံစားခွင့်မရှိပါဘူး။ နိုင်ငံတော်ကို ပေးသွင်းရတဲ့ အခွန်တွေကိုသာ ထုတ်နုတ်ခံစားခွင့်ပေးတာပါ။"ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

မော်တော်ကားအရောင်းစင်တာများသည် ဆိပ်ကမ်းက ကားထုတ်ယူရာတွင် ကားလာဝယ်သူ များစောင့်ဆိုင်းရသဖြင့် ယာဉ်နံပါတ်မယူဘဲ ကာလတစ်ခုထား၍ ရောင်းချလျက်ရှိရာ ဝယ်သူလာမှသာ ယာဉ်နံပါတ် ယူခြင်းများပြုလုပ်လေ့ရှိ ပြီး ထိုကဲ့သို့ နံပါတ်မယူဘဲ ထားရှိခြင်းကြောင်း ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးပေးဆောင်နေရခြင်းဖြစ်သည်။

"လုပ်ငန်းတစ်ခုမှာ တင်သွင်းပစ္စည်းတစ်ခုကို ဘယ်သူမဆို မြတ်တာနဲရောင်းတာပဲ။ ရောင်းမကုန်လို့ ရောင်းဖို့ စောင့်နေတဲ့ကားတွေကို တစ်ရက် ၃,ဝဝဝ ကောက်တယ်။ တစ်နှစ်ကို ၁၁ သိန်း ကျတယ်။ တစ်ချို့ကားတွေဆို ၂ နှစ်လောက်ကြာတာ စာရင်းချုပ်တော့ အမြတ်တွေက ဒဏ်ကြေးပေးရတာနဲ့ မရှိတော့ဘူး။ ဒါကို အမြတ်ခွန်က ထုတ် နုတ်ခံစာခွင့်မပြုဘူးဆိုရင် မတရားတာပဲ။ အဲဒီ ဒဏ်ကြေးကောက်တဲ့ ငွေတွေက ဘယ်ရောက်သွားလဲ နိုင်ငံတော် ဘဏ္ဏာ ထဲပဲရောက်တာပဲလေ။ ဒါကို နိုင်ငံတော်ကို ပေးရတဲ့အတွက်အမြတ်ခွန်ရှင်းရင် ထည့်ပြီးခံစားခွင့်ပေးသင့်ပါတယ်။"ဟုမော်တော်ကားတင်သွင်းရောင်းချနေသူ ဦးကျော်အောင်ကဆိုသည်။

Regulation

Author