Full article

လျှပ်စစ်ကားများ တင်သွင်းခြင်းကို ကညနအခွန် ရာနှုန်းပြည့် ကင်းလွတ်ခွင့်ပေးသွားမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်.။

လျှပ်စစ်ကားများသည် မီးခိုးမထွက်သဖြင့် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိသလို လောင်စာဆီအသုံးပြုရန်လည်း မလိုအပ်သည့် ထိုကားများကို ပိုမိုတွင်ကျယ်စွာ အသုံးပြုလာနိုင်စေရန်အတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက အခွန်ကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်.။

လျှပ်စစ်ကားတွေ တင်သွင်းမယ်ဆိုရင် ကညနအနေနဲ့ အခွန်ကင်းလွတ်ခွင့်ပေးမှာ ဖြစ်ပါတယ်.။ ဒီကားတွေက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးရာ ရောက်တဲ့အတွက် တခြားကားတွေလို အခွန်ကောက်ခံမှုမရှိဘဲ ကင်းလွတ်ခွင့်ပေးတာ ဖြစ်ပါတယ်၊ လျှပ်စစ်ဆိုင်ကယ်တွေကိုတော့ အခွန်ရာခိုင်နှုန်းလျှော့ဖို့အတွက် မဆုံးဖြတ်ရသေးပါဘူး ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်.။

မြန်မာနိုင်ငံတွင် လျှပ်စစ်ကား အမျိုးအစားတစ်ခု ဖြစ်သော Nissan Leaf ကားမှာ အသုံးများလျှက်ရှိပြီး ရန်ကုန်မြို့အတွင်း၌ အစီးနှစ်ရာကျော်ရှိကြောင်း ကားတင်သွင်းသူများထံမှ သိရသည်.။

လျှပ်စစ်ကားကို ကညနအနေနဲ့ အခွန်ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပေးတာကို အများကြီးကြိုဆိုပါတယ်၊ လျှပ်စစ်ကားမှ မဟုတ်ဘဲ အများပြည်သူ စီးနင်းတဲ့ စလစ်ကပ်ကားတွေကိုလည်း အခွန်ရာခိုင်နှုန်း လျှော့ပေးသင့်ပါတယ်၊ လျှပ်စစ်ကားကို အခွန်ကင်းလွတ်ခွင့်ပေးလိုက်တဲ့အတွက် စမ်းပြီးအသုံးပြုလာကြမှာ ဖြစ်ပါတယ် ဟု အောင်ကမ္ဘာ ကားအရောင်းစင်တာ မှ မန်နေဂျာကိုငယ်က ဆိုသည်.။

လျှပ်စစ်အမျိုးအစားကားဖြစ်သည့် Nissan Leaf သည် ရှစ်နာရီနီးပါး လျှပ်စစ်အားသွင်းပြီးပါက ကီလိုတစ်ရာမောင်းနှင်အသုံးပြုနိုင်ပြီး ကညနအခွန် ကောက်ခံစဉ်က ကျပ်သိန်း ၂၅ဝ ဝန်းကျင်ရှိကြောင်း သိရသည်.။ ရန်ကုန်မြို့တွင် လျှပ်စစ်ကားများကို တွင်တွင်ကျယ်ကျယ် အသုံးပြုလိုကြသော်လည်း ဖွံ့ဖြိုးပြီး နိုင်ငံများကဲ့သို့ နေရာအနှံ့တွင် အားပြန်ဖြည့်ရန် Plug-in များမရှိခြင်းကြောင့် အသုံးပြုမှု နည်းနေသေးကြောင်း သိရသည်.။

ကျော်သိန်းဆွေ

April 3, 2015 ထုတ် AutoMobile ဂျာနယ်မှ ကူးယူဖော်ပြသည်.။

No.1 Car Site in Myanmar

www.myanmarcarsdb.com

Author