Full article

လက်ရှိအချိန်တွင် ဈေးကွက်အေးစက်နေပြီး နယ်အဝယ်များဆင်းမလာသောကြောင့် ဇူလို်င် ၂ဝ မှ ၂၃ အထိ တပ်မတော်ခန်းမတွင် ကျင်းပသော ကားအရောင်းပြပွဲတွင် 4WD ကားများမရောင်းရဘဲ အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ ကားများသာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ပြပွဲတွင် ဝင်ရောက်ပြသခဲ့သည့် ကားအရောင်းစင်တာများမှ သိရှိရသည်။

ကားပြပွဲတွင် ရန်ကုန်မြို့မှ WK ကားအရောင်းစင်တာ၊ Future Auto၊ KZS International Services၊ Unity Land၊ Royal နှင့် Aung Thein Than စသည့် ကားအရောင်းစင်တာများ ပါဝင်ပြသခဲ့ကြသည်။

ပြပွဲနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးမှ နယ်အဝယ်များဆင်းမလာ၍ ကားကြီးများမရောင်းရဘဲ အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ ကားလေးများသာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ အဝယ်အများစုမှာ Taxi အသုံးပြုဖို့အတွက် Probox၊ AD Van ကားအမျိုးအစားများကို အများဆုံးဝယ်ယူကြကြောင်း ပြောကြားသည်။

ထိုပြပွဲတွင် ဝင်ရောက်ပြသသော ကားအရောင်းစင်တာများအနေဖြင့် ပြပွဲကာလအတွင်း ကား ၁ဝ စီးဝန်းကျင်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

Auto Mobile Journal မှ ကူးယူဖော်ပြသည်။

Author