Tata Motors keen to expand operations in Myanmar

0

Full article

![tata_coach-500x357](/redline/content/images/2012/01/tata_coach-500x3571.jpg)

အိန္ဒိယမှ Tata Motors ကုမ္ဗဏီသည် မြန်မာနိုင်ငံတွင် ဘတ်စ်ကားနှင့် စီးပွားရေးလုပ်ငန်းသုံး ကားများ တပ်ဆင်သည့် လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်သွားရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။ Tata ကုမ္ဗဏီသည် လက်ရှိ မြန်မာနိုင်ငံတွင် truck ကားများတပ်ဆင်သည့် စက်ရုံရှိပြီး မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်နိုင်ငံရေး ပိုမိုပွင့်လင်းလာသည်နှင့်အမျှရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်သွားရန် စီစဉ်နေခြင်းဖြစ်သည်။

ယခုလက်ရှိ ကျွန်တော်တို့မှာ အကြီးစား လုပ်ငန်းသုံးယဉ်တွေ တပ်ဆင်တဲ့စက်ရုံရှိပါတယ်။ ဒီထက်ပိုပြီး ဘတ်စ်ကားတွေနဲ့ ဖြစ်နိုင်ရင် အသေးစား လုပ်ငန်းသုံးယဉ်တွေပါ တပ်ဆင်ရောင်းချသွားဖို့ ရှိပါတယ် ဟု Tata Motors ၏ managing director ဖြစ်သူ P.M.Telang မှပြောကြားသွားပါသည်။

Tata Motors မှထုတ်လုပ်သည့် ယဉ်များကို Asia, Europe, Africa နှင့် South America တို့တွင် ရောင်းချလျှက်ရှိသည်။

Author