Tan Chong Motor Myanmar မှ ရန်ကုန်တိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးရုံးမှ ဝယ်ယူထားသော Nissan Sunny ကားများအား အပ်နှင်း

0

Full article


ရန်ကုန်တိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးရုံးမှ ဝယ်ယူထားသည့် ရန်ကုန်မှာပင် တပ်ဆင်ထုတ်လုပ်ထားသော Nissan Sunny ကားသစ်ကြီးတွေကို Tan Chong Motor Myanmar မှ ဇူလိုင်လ ၁၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဝင်ဝတွင် အပ်နှင်းခဲ့ပါသည်။ "လှိုင်သာယာစက်မှုဇုံတွင်ရှိတဲ့ ကျွန်တော်တို့ရဲ့ စက်ရုံမှ မြန်မာလုပ်သားများ၏ လုပ်အားဖြင့် ဂုဏ်ယူစွာ ထုတ်လုပ်ဖြန့်ချီလိုက်သော Nissan Sunny ကားသစ်ကြီးတွေ ယုံကြည်စွာဖြင့် အားပေးဝယ်ယူမှုအတွက် ရန်ကုန်တိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးရုံးကို အထူးပင်ကျေးဇူးတင်ပါတယ်" ဟု Tan Chong Motor Myanmar မှ Managing Director တစ်ဦးဖြစ်တဲ့ Mr.Wong Seap Hong မှ အပ်နှင်းပွဲတွင်ပြောကြားသွားခဲ့ပါသည်။

ထို အပ်နှင်းပွဲသို့ Tan Chong Motor Myanmar မှ ဝန်ထမ်းများနှင့်အတူ အထွေထွေအုပ်ချုပ်ရေးရုံးမှ သက်ဆိုင်ရာ လူကြီးမင်းများနှင့် မီဒီယာများ တက်ရောက်ခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးရုံးမှ ဝယ်ယူထားသော Nissan Sunny ကားသစ်များကို Tan Chong Motor Myanmar မှ Managing Director တစ်ဦးဖြစ်တဲ့ Mr.Wong Seap Hong နှင့် Shwe Sagaing Motor မှ Managing Director ဖြစ်သူ ဦးအောင်မျိုးဟိန်း မှ အထွေထွေအုပ်ချုပ်ရေးရုံး၏ ညွှန်ချုပ် ဖြစ်တဲ့ ဦးမျိုးအောင်ဌေး အား ပေးအပ်ခဲ့ကြောင်းကိုလည်း သိရပါသည်။

Author