Full article

ရန်ကုန်မြို့အတွင်းရှိ လိုင်စင်မဲ့ ကားများကို အရေးယူရှင်းလင်းဆောင်ရွက်ပြီးမှသာ ရန်ကုန်ကားတင်သွင်းခွင့် ပြန်လည်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ အတွင်းရေးမှုး ဒေါက်တာ မောင်အောင်က စာနယ်ဇင်းများနှင့် တွေ့ဆုံစဉ်ပြောသည်။

လက်ရှိအချိန်ထိ ရန်ကုန်ကားတင်သွင်းမှုရပ်ဆိုင်းထားသည်မှာ လေးလကျော်ကြာမြင့်နေသော်လည်း တိကျသည့်အဖြေမထုတ်ပြန်နိုင်ပဲ ထင်ကြေးအမျိုးမျိုး နှင့် စမ်းတဝါးဝါးပြောဆိုမှုများ အချိန်ကြာမြင့်လာကြောင်း ကားလုပ်ငန်းရှင်များက သုံးသပ်ထားကြသည်။ ရန်ကုန်တိုင်း အတွင်းကားတင်သွင်းမှုကို ယခင်အစိုးရလက်ထက်တွင် ယာဉ်ကြောပိတ်ဆို့မှုလျော့ကျနိုင်ရန် ၂ဝ၁၅ ဇန်နဝါရီ ၁ ရက်မှ စတင်ကာ ကားပါကင်ထောက်ခံချက်စနစ်ကျင့်သုံးခဲ့သည်။

ထိုစနစ်သည် ယာဉ်ကြောပိတ်ဆို့မှုအနည်းငယ်လျော့နည်းသွားသော်လည်း မသမာသည့်လုပ်ရပ်များဖြစ်ပေါ်လာ၍ အစိုးရသစ်လက်ထက်တွင် ရပ်ဆိုင်းခဲ့သည်။

မီးပွင့်တွေမှာ လိုင်စင်မဲ့ကား ဟုတ်မဟုတ် သိနိုင်အောင် ကင်မရာတွေတပ်ပြီး စစ်ဆေးအရေးယူသွားမှာပါ။ လိုင်စင်မဲ့ ကားတွေကို ရှင်းထုတ်ပြီးရင်တော့ ရန်ကုန်ကားတင်သွင်းတာကို ပြန်လည်ချပေးမှာပါ။ဘယ်အချိန်လောက် ခွင့်ပြုပေးမယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး ဟုရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှ အတွင်းရေးမှု ဒေါက်တာ မောင်အောင်က ဆိုသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှလည်း ရန်ကုန်ကားတင်သွင်းမှုကို အဆင်ပြေစေမည့် နည်းလမ်းတစ်ခုလုပ်ဆောင်ရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုကို အရင်ဆုံးဖြေရှင်းဆောင်ရွက်နေကြောင်းသိရသည်။

Author