လူမှုကွန်ရက်တွင် လိုင်စင်မဲ့ကားများ ယာဉ်မောင်းလိုင်စင်အတုများ ရောင်းချနေမှုကို စောင့်ကြည့်အဖွဲ့ဖွဲ့၍ ထိရောက်စွာဖမ်းဆီးသွားမည်

0

Full article

ယာဉ်မှတ်ပုံတင် VIS sticker အတုပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားမှုများ

လူမှုကွန်ရက်တွင် လိုင်စင်မဲ့ကားများ ယာဉ်မောင်းလိုင်စင်အတုများ ရောင်းချနေမှုကို စောင့်ကြည့်အဖွဲ့ဖွဲ့၍ ထိရောက်စွာဖမ်းဆီးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနထံကနေ သိရသည်။လူမူကွန်ရက် facebook စာမျက်နှာပေါ်တွင် လိုင်စင်မဲ့ကားများ၊ လိုင်စင်မဲ့ကား နှင့်သက်ဆိုင်သော စာရွက်စာတမ်းများ၊ ယာဉ်မောင်းလိုင်စင် အတုများ၊ အုံနာဘုတ်၊ ဝှီးတက်နှင့် ယာဉ်သက်သေခံလက်မှတ်စတေကာ အစရှိသည်တို့အား ရောင်းချနေမှုများကို ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနက အဖွဲ့ဖွဲ့၍ စောင့်ကြည့်လျက်ရှိနေပြီး အသွင်ယူဖမ်းဆီးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
" အခုလူမူကွန်ရက်အကောင့်မှာ ဖမ်းဆီးရရှိနေတာက ဌာနကနေစောင့်ကြည့်တဲ့အဖွဲ့ဖွဲ့ထားပါတယ်။ ယာဉ်မောင်းလိုင်စင်အတုတွေနဲ့ VIS စတေကာတွေကိုလည်း ဒီလိုစောင့်ကြည့်နေတာကြာပါပြီ။ နောက်ပိုင်းလည်း အသွင်ယူဖမ်းဆီးတာတွေလုပ်သွားမှာပါ။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယာဉ်မောင်းလိုင်စင် အတုများသည် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနတွင် ဖြေဆိုရရှိထားသည့် လိုင်စင်လက်မှတ် အစစ်နှင့်နှိုင်းယှဉ်ပါက မီးထိုးခံအဆင့်သာ ရှိနေပြီး chip များ၊ ကုတ်များ မပါရှိဘဲ ကွဲပြားနေလျှက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ယာဉ်မောင်းလိုင်စင် အရေအတွက် ၇သိန်း၇သောင်း ကျော်ထုတ်ပေးထားရာ ယာဉ်မှတ်ပုံတင် ထားသည့် ကားအစီးရေ ၆သိန်း နီးပါးရှိနေကြောင်း သိရသည်။
law enforcement

Author