ယာဉ်ကြောပိတ်ဆို့မှုကြောင့် ရန်ကုန်မြို့အဓိလမ်းမများတွင် ယာဉ်မရပ်ရသတ်မှတ်ထားသော်လည်း လိုက်နာမှုအားနည်းလျက်ရှိရာ အရေးယူဆောင်ရွက်သည့်ကိစ္စများကိုလည်း ထိရောက်စွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။ ယာဉ်မရပ်ရလမ်းတွေသတ်မှတ်ထားပေမယ့်လည်း ဖမ်းဆီးတဲ့အချိန်ခဏပဲ။ နောက်ပိုင်းကျရင်အဆင်ပြေသလိုရပ်နေကြတယ်။ ဒီလိုမျိုးတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားတော့မှာဖြစ်ပါတယ်။ ဟုယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မရပ်နားရလမ်းမကြီးပေါင်း ၉ဝ အထိရှိပြီး အရေးယူဆောင်ရွက်ခဲ့သည့် ကားအစီးရေ ၃၅ဝဝဝ ကျော်ထိရှိခဲ့ကြောင်းသိရသည်။