Full article

ရန်ကုန်တိုင်း ဒေသကြီးအတွင်းတွင် လိုင်စင်မဲ့ ကားများ ဖမ်းဆီးစစ်ဆေးခြင်းကို အရှိန်မြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးထံမှသိရသည်။ ရန်ကုန်တိုင်းဒေသကြီးနည်းတူ အခြားပြည်နယ်နှင့် တိုင်းများတွင်လည်း လိုင်စင်မဲ့ကားစီးနင်းမှုများကို စစ်ဆေးအရေးယူနေလျက်ရှိပြီး နယ်စပ်မှ လိုင်စင်မဲ့ကားဝင်ရောက်မှုကိုလည်း တင်းကြပ်စွာ စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။ လိုင်စင်မဲ့ ကားများကို ဖမ်းဆီးရမိပါက ပြည်သူပိုင်အဖြစ် သိမ်းဆည်းသွားမည်ဖြစ်ပြီး နိုင်ငံတောင် ဘဏ္ဍာငွေရရှိရန် တိုင်းဒေသကြီးအစီအစဉ်ဖြင် လေလံပစ်သွားမည်ဖြစ်သည်။

လိုင်စင်မဲ့ ကားများကို မန္တလေးတိုင်းတွင်း ဖမ်းဆီးအရေးယူပြီးနောက် ရန်ကုန်တိုင်း ဒေသကြီးတွင် လုပ်ဆောင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားရှိပြီး မကြာခင် စစ်ဆေးအရေးယူမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။

ခေတ်သစ်

Author