စည်းကမ်းဖောက်ဖျက်သော အဌားယာဉ်များကိုစီမံချက်ဖြင့် ထိရောက်စွာအရေးယူ

0

Full article


ရန်ကုန်တိုင်းဒေသကြီးတွင် စည်းကမ်းဖောက်ဖျက်သော အဌားယာဉ်များကို စီမံချက်ဖြင့် ထိရောက်စွာအရေးယူသွားမှာ ဖြစ်တယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ကပြောပါတယ်။ထိုကဲ့သို့ စည်းကမ်းဖောက်ဖျက်သော အဌားယာဉ်များကို အရေးယူရာတွင် တက္ကစီမရပ်ရနေရာများတွင်ရပ်နားခြင်း၊ မီးပွိုင့်များ တွင်ကျော်တက်မောင်းနှင်ခြင်း၊ခရီးသည်မှဌားရမ်းရာတွင် အဆင်ပြေသလိုရပ်နားခြင်း များကိုစီမံချက်နဲ့ ထိရောက်စွာအရေးယူသွားမှာဖြစ်တယ်လို့သိရပါတယ်။

အဓိက အဌားယာဉ်မရပ်ရတဲ့နေရာတွေဖြစ်တဲ့ ဈေးဝယ်စင်တာတွေမှာ ရပ်နားထားတာတွေနဲ့ ကြုံသလိုရပ်နားနေတာတွေကို ထိထိရောက်ရောက်အရေးယူသွားမှာပါ။အစီးရေတော်တော်များများလည်းအရေးယူထားပါတယ်ဟုအမှတ်၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ကပြောပါတယ်။

စည်းကမ်းဖောက်ဖျက်တဲ့ အဌားယာဉ်အစီးရေ ၉ဝဝဝလောက်အထိ အရေးယူထားရှိရာ နယ်ကျော်ဝင်ရောက်လာတဲ့ အဌားယာဉ်များကိုလည်းအရေးယူဆောင်ရွက်မှာဖြစ်တယ်လို့သိရပါတယ်။

ခေတ်သစ်

Author