နိုဝင်ဘာ ၁ ရက်မှစ၍ မော်တော်ယာဉ်များကို ထိုင်ခုံခါးပတ် မောင်းနှင်ခြင်းမရှိပါက စစ်ဆေးအရေးယူတော့မည်

0

Full article

ရန်ကုန်မြို့တွင်း မောင်းနှင်နေတဲ့ မော်တော်ယဉ်များကို နိုဝင်ဘာ ၁ ရက်မှစကာ ထိုင်ခုံခါးပတ်မောင်းနှင်ခြင်းရှိမရှိ စစ်ဆေးအရေးယူသွားတော့မှာဖြစ်တယ်လို့ အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးကသိရပါတယ်။မော်တော်ယဉ်များ နှစ်လဲသက်တမ်းတိုးဆောင်ရွက်ရာတွင်လည်း ကားများတွင် ထိုင်ခုံခါးပတ်ပြည်စုံစွာမပါရှိရင် မှတ်ပုံတင်ပြုလုပ်ပေးသွားမှာမဟုတ်ကြောင်း နိုဝင်ဘာ ၁ ရက်ကစပီးစစ်ဆေးမှာဖြစ်တယ်လို့ ကုန်လမ်းပို့ဆောင်ရေးညွန်ကြားမှူဦးစီးဌာနက ထုတ်ပြန်ထားရှိပါတယ်။

လမ်းမများပေါ်တွင် သွားလာနေတဲ့မော်တော်ယာဉ်တွေကို အသက်ကယ်ထိုင်ခုံခါးပတ်ပါရှိ မရှိတို့ကို့စစ်ဆေးရာတွင် လုပ်ငန်းသုံးယာဉ်၊အဌားယာဉ်များ၊အဝေးပြေးခရီးသည်တင်ယာဉ်များနဲ့ ကိုယ်ပိုင်ယာဉ်များ စစ်ဆေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

လာမယ်နိုဝင်ဘာ ၁ ရက်ကစပီး မော်တော်ယာဉ်တွေမှာ ထိုင်ခုံခါးပတ် ပတ်ခြင်းအား စီမံချက်အဖွဲ့နဲ့ စစ်ဆေးသွားမှာဖြစ်ပါတယ်။တကယ်လို့ ထိုင်ခုံခါးပတ်မပတ်ဘဲမောင်းနှင်နေတာကို တွေ့ရှိပါက မော်တော်ယာဉ်ဥပဒေအတိုင်း အရေးယူသွားမှာဖြစ်ပါတယ်ဟု အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီးအောင်ကိုဦးက ပြောထားပါတယ်။

မော်တော်ယာဉ်များ ထိုင်ခုံခါးပတ်တပ်ဆင်မှူရှိမရှိတို့ကို နိုဝင်ဘာ ၁ ရက်မှစကာ စစ်ဆေးအရေးယူသွားမှာဖြစ်ကာ ထိုင်ခုံခါးပတ်မပါရှိရင် ၂ဝ၁၅ မော်တော်ယာဉ်ဥပဒေအရငွေကျပ် ၃ သောင်းမှ ငွေကျပ် သုံးသိန်းအထိ ဒဏ်ရိုက်အရေးယူနိုင်တယ်လို့သိရပါတယ်။

ခေတ်သစ်

Author