စက်တင်ဘာလမှစ၍ ရန်ကုန်တိုင်းအတွင်း စည်းကမ်းပျက်ယာဉ်များကို စီမံချက်ဖြင့် ထိရောက်စွာအရေးယူမည်

0

Full article


လာမည့် စက်တင်ဘာလမှစ၍ ရန်ကုန်တိုင်းအတွင်းစည်းကမ်းပျက်မောင်းနှင်နေသော ကားများကို စီမံချက်ဖြင့် ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့တာဝန်ရှိသူတစ်ဦးမှသိရသည်။စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီး အရေးယူခြင်းကို ယာဉ်ထိန်းတပ်ဖွဲ့များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးပါဝင်၍ စီမံချက်ဖြင့်လုပ်ဆောင်မည်ဖြစ်သည်။အများပြည်သူသွားလာမှုများသည့် လူစည်ကားရာနေရာများကို အဓိကထားကာဖမ်းဆီးစစ်ဆေးပြုလုပ်သွားမည်ဖြစ်ရာ အရှိန်ပြင်းမောင်းနှင်ခြင်း လမ်းပြောင်းပြန်မောင်းနှင်ခြင်း ယာဉ်နှစ်ထပ်ရပ်ခြင်း ယာဉ်မရပ်ရနေရာများတွင် ရပ်တန့်ခြင်းတို့ကို အရေးယူဆောင်ရွက်မည်ဖြစ်သည်။

စက်တင်ဘာ ၁ ရက်နေ့ကစပြီး စည်းကမ်းဖောက်ဖျက်မောင်းနှင်နေတဲ့ ကားတွေကို စီမံချက်နဲ့ အရေးယူသွားတော့မှာပါ။ယာဉ်စည်းကမ်းလမ်းစည်းကမ်းစနစ်တကျလိုက်နာသွားကြဖို့လိုပါတယ် ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အတွင်းရေးမှုး ဒေါက်တာမောင်အောင်ကပြောခဲ့သည်။

ခေတ်သစ်

Author