တရားဝင် သတ်မှတ်ထားခြင်း မရှိသည့် အက္ခရာနံပါတ်ပြား များတပ်ဆင်၍မောင်းနှင်သွားလာနေသော ယာဉ်များအားစစ်ဆေးအရေးယူမည်

0

Full article

အများပြည်သူ သွားလာသည့် လမ်းမပေါ်များတွင် တရားဝင်သတ်မှတ်ထားခြင်း မရှိသည့် အက္ခရာနံပတ်ပြားများတပ်ဆင်၍မောင်းနှင်သွားလာနေသော ယာဉ်များအား စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။ မော်တော်ယာဉ်ဥပဒေအရ မော်တော်ယာဉ်တွင်တပ်ဆင်ရမည့် ယာဉ်နံပတ်များနှင့် ပတ်သက်၍ ယာဉ်နံပတ်ပြားကို မထင်ရှားအောင်ပြုလုပ်ခြင်း ယာဉ်နံပတ်ပြားကို ထင်ရောင်ထင်မှား ဖြစ်စေရန်ပြုလုပ်ခြင်း မမှန်ကန်သော မော်တော်ယာဉ်နံပတ်ပြားကို တပ်ဆင်မောင်နှင်ခြင်း မရှိရ ဟု ဖော်ပြထားရှိသည်။ တရားဝင် သတ်မှတ်ထားတာမဟုတ်တဲ့ ယာဉ်နံပတ်ပြားတွေကို တပ်ဆင်မောင်းနှင်မှူတွေရှိနေပါတယ်။ ကညနက တပ်ဆင်မောင်းနှင်ခွင့်ပေးတဲ့နံပတ်ပြားတွေပဲတပ်ရမှာပါ။နောက်ပိုင်းမှာ ယာဉ်နံပြားကို ကို့သဘောနဲ့ကိုတပ်ထားတာတွေ နံပတ်ပြားမပါဘဲနဲ့မောင်းနှင်တာတွေကို စစ်ဆေးအရေးယူသွားမှာဖြစ်ပါတယ်ဟု ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

လမ်မများပေါ်တွင် ကညန မှ တရားဝင် မှတ်ပုံတင်ထားခြင်းရှိသော ဖောင်းကြွနံပတ်ပြားများကိုသာ တပ်ဆင်အသုံးပြုရမည်ဖြစ်ပီး ယာယီနံပတ်များ တပ်ဆင်၍ မောင်နှင်ခြင်းကိုလည်း တားမြစ်ထားရှိသည်။ မော်တော်ယာဉ် ဥပဒေတွင် ပါရှိသည့် အတိုင်း ဖောက်ဖျက်ကျူးလွန်ပါက ၃ လထက်မပိုသောထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

ခတ်သစ်

Author