ပါမစ်မရှိဘဲ ဆိပ်ကမ်းသို့ ရောက်ရှိနေသည့် ကားများကို အရေးယူဆောင်ရွက်ရန် လုပ်ဆောင်မည်

0

Full article

ပြည်ပနိုင်ငံများမှ ကားတင်သွင်းရာတွင် ပါမစ်မရရှိသေးပဲ ဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိနေသော ကားများကို အရေးယူဆောင်ရွက်သွားရန်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှတစ်ဆင့် သိရပါသည်။ သွင်းကုန်လိုင်စင်ပါမစ်မရရှိသေးပဲ ဆိပ်ကမ်းသို့ရောက်နေသည့် ကားများကို သွင်းကုန် ၊ ထုတ်ကုန် ဥပဒေအရ အရေးယူဆောင်ရွက်ရန် ဆိပ်ကမ်း အာဏာပိုင်သို့ ညွှန်ကြားထားရှိပြီး သွင်းကုန်လိုင်စင်လျှောက်ထားပြီးမှသာ ကုန်ပစ္စည်းများဆိပ်ကမ်းသို့ ရောက်ရှိနေခြင်းကို ခွင့်ပြုတော့မည်မဟုတ်ကြောင်းသိရသည်။

ဆိပ်ကမ်းသို့ ကားများကြိုတင်ရောက်ရှိနေခြင်းကြောင့် နေရာကြပ်တည်းမှုများဖြစ်ပေါ်နိုင်သလို ပါမစ်ရရှိပြီးကြောင်းဟုတ် မဟုတ်ကိုလည်း စိစစ်ဆောင်ရွက်သွားမည်ဖြစ်သည်။

ပါမစ်မရရှိဘဲနဲ့ ဆိပ်ကမ်းကို ကြိုပြီးရောက်နေတဲ့ ကားတွေကို အရေးယူဆောင်ရွက်တော့မှာဖြစ်သလို ပါမစ်ရရှိပြီးမှ ကားတင်သွင်းရမှာလည်းဖြစ်ပါတယ်။ ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောကြားခဲ့ပါသည်။

အချို့ယာဉ်ပိုင်ရှင်များမှာ ဆိပ်ကမ်းကို ကားကြိုရောက်အောင်မှာယူထားပြီးမှ ပါမစ်ရရှိအောင် ဆောင်ရွက်နေသည့်အတွက် ဆိပ်ကမ်းအာဏာပိုင်နှင့် ချီတ်ဆက်လုပ်ဆောင်မည်ဖြစ်ကြောင်းသိရပါသည်။

ခေတ်သစ်

Author