ရန်ကုန်မြို့မှာ လိုင်စင်မဲ့ မောင်းနှင်တဲ့ဆိုင်ကယ်တွေကို ထိထိရောက်ရောက်အရေးယူသွားမှာပါ။ အခုလည်း အရေးယူဖမ်းစီးတာတွေရှိပါတယ်။ သတ်မှတ်ထားတဲ့ ဌာနဆိုင်ရာတွေနဲ့ သတ်မှတ်ထားတဲ့ အတိုင်းမောင်းနှင်သွားလာရမှာဖြစ်ပါတယ်။ ဟုရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ဌာနဆိုင်ရာများ ဆိုင်ကယ်စီးနင်းရာတွင် မိမိ သက်ဆိုင်ရာဝန်ကြီးဌာနတွင်အကြောင်းကြားထားရန်လိုအပ်ပြီး သတ်မှတ်ချက်အတိုင်းသာမောင်းနှင်ရမှာဖြစ်သည်။
ရန်ကုန်တိုင်း ဒေသကြီး လိုင်စင်မဲ့ ဆိုင်ကယ်များကို မောင်းနှင်နေသည့်မြို့နယ်မှားမှာ မြောက်ဥက္ကလာပမြို့နယ် မင်္ဂလာဒုံမြို့နယ် လှိုင်မြို့နယ် ဒဂုံမြို့သစ်တောင်မြို့နယ် သင်္ယန်းကျွန်းမြို့နယ် သန်လျင်မြို့နယ် သာကေတမြို့နယ်များတွင် စီးနင်းသွားလာမှု အများဆုံးဖြစ်ကြောင်းသိရသည်။
ခေတ်သစ်