တက္ကစီများ ခရီးသည်ပူးတွဲတင်ဆောင်ခြင်းကို အရေးယူမည်

0

Full article

ရန်ကုန်မြို့တွင်း ပြေးဆွဲလာနေသည့် အငှားယာဉ်များ ခရီးသည်ပူးတွဲတင်ဆောင်ခြင်းများကို တိုင်ကြားလာမှုရှိပါက အရေးယူသွားမည်ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှပြောသည်။

အငှားယာဉ်များသည် ခရီးသည်ပါရှိလာသော်လည်း လမ်းတွင်ရပ်နား၍ထပ်မံခရီးသည်ရရှိရန် လုပ်ဆောင်ခြင်း ငှားရန်းထားသည့်နေရာသို့ မပို့ဆောင်သေးဘဲ ခရီးသည်ရရှိရန် စောင့်စားခြင်းများကို တိုင်ကြားလာပါက (OCC) online complaint center သို့ တိုင်ကြားနိုင်ကြောင်းသိရပါတယ်။ခရီးသည်ပူးတွဲတင်ဆောင်တာကို တိုင်ကြားမယ်ဆိုရင် အရေးယူဆောင်ရွက်သွားမှာပါ။ ခရီးသည်ကို ရန်ရှာတာတို့ လမ်းမှာ ခရီးသည်ထပ်မံတင်ဆာင်နေတဲ့ပြဿတွေရှိပါတယ်။ အဓိက က အဝေးပြေးဂိတ်လိုနေရာမျိုးတွေမှာ အများကြီးဖြစ်တတ်ပါတယ်။ ဟုယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လှိုင်သာယာအဝေးပြေးကားဝန်းနှင့် အောင်မင်္ဂလာအဝေးပြေးကားဝန်းတို့တွင် ခရီးသည်နှင့် အငှားယာဉ်မောင်းသူတို့ကြား မကြာခဏပြဿနာများဖြစ်ပေါ်လေ့ရှိရာ ခရီးသည်ရရှိထားသော်လည်း ခရီးသည်ထပ်မံရရှိရန် စောင်းဆိုင်းနေမှုများရှိနေတယ်လို့ သိရပါတယ်။

ခေတ်သစ်

Author