တိုက်ပြေးမှူဖြစ်ပွားခဲ့သည်ယာဉ်ကိုလည်းသိမ်းဆည်းသွားမည်ဖြစ်ရာ သတ်မှတ်ယာဉ်မောင်းလိုင်စင်မရှိသည့်အတွက် ၄၇ (ဃ) ဖြင့်အမှူဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ယာဉ်တိုက်မှူဖြစ်ပီးထွက်ပြေးသွားရင် ယာဉ်လိုင်စင်လည်းမရတော့ဘူး။တိုက်ပြေးတဲ့အမှူတွေကလည်းများလာတယ်။ဒါကြောင့်တိုက်ပြေးမှူဖြစ်ခဲ့တဲ့ယာဉ်ကိုသာမကပဲယာဉ်ပိုင်ရှင်အုံနာကိုပါအရေးယူသွားမှာဖြစ်ပါတယ်ဟု ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
၂ဝ၁၆ ခုနှစ်တွင် ယာဉ်တိုက်မှူဖြစ်ပွားပီး ထွက်ပြေးတိမ်းရှောင်မှူဖြစ်ပွားသည့် ယာဉ်အစီးရေ ၄ဝ နီးပါးခန့်ရှိပီး အမှူမပြတ်သေးသောကားများကို သိမ်းဆည်းထားလျှက်ရှိကြောင်းလည်းသိရသည်။