စာရွက်စာတမ်းအတုများပြုလုပ်၍ ယာဉ်တင်သွင်းခွင့်ပါမစ်လျောက်ထားပါက အရေးယူမည်

0

Full article

မော်တော်ယာဉ်တင်သွင့်ခွင့်ပါမစ်လျှောက်ထားရာတွင် စာရွက်စာတမ်းများ အတုပြုလုပ်၍ လျှောက်ထားပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။မော်တော်ယာဉ်တင်သွင်းမည့် လိုင်စင်လျှောက်ထားသည့် ကိုယ်စားလှယ်များနှင့် ကုမ္ပဏီများမှလျှောက်ထားသူများသည် သန်းခေါင်စာရင်းအတု မှတ်ပုံတင်အတု ကားပါကင်ထောက်ခံချက်အတု စသည့် စာရွက်စာတမ်းများကို အတုပြုလုပ်၍ လျှောက်ထားသည်ကို စစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။ စာရွက်စာတမ်းအတုပြုလုပ်ပီး ပါမစ်လာရောက်လျှောက်ထားမယ်ဆိုရင်အရေးယူသွားမှာပါ။ ဟုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးကပြောသည်။

စာရွက်စာတမ်းအတုပြုလုပ်မှူများသည် ပါမစ်လျှောက်ထားရာတွင်သာမဟုတ်ဘဲ ကညန လုပ်ငန်းများလုပ်ဆောင်ရာတွင်လည်း စာရွက်စာတမ်းများအတုပြုလုပ်၍လာရာက်လျှောက်ထားမူများရှိကြောင်းသိရသည်။

ခေတ်သစ်

Author