မြန်မာ အက္ခရာ နံပါတ်ပြားမှ အင်္ဂလိပ်အက္ခရာ နံပါတ်မပြောင်းလဲပါက ထိရောက်စွာ ဖမ်းဆီသွားမည်

0

Full article

မော်တော်ယာဉ်များတွင် တပ်ဆင်ထားသော ယာဉ်နံပါတ်ပြားများသည် မြန်မာအက္ခရာနံပါတ်မှ အင်္ဂလိပ်အက္ခရာမပြောင်းလဲသည့် ယာဉ်များကို ထိရောက်စွာဖမ်းဆီးသွားမည်ဖြစ်ကြောင်း နေပြည်တော် ယာဉ်ထိန်းတပ်ဖွဲ့မှုးရုံးက ထုတ်ပြန်ထားရှိသည်။ယာဉ်နံပါတ်ပြား မြန်မာ အက္ခရာမှ အင်္ဂလိပ်အက္ခရာ နံပါတ်ပြောင်းလဲခြင်းကို ယခုနှစ်အတွင်း သက်ဆိုင်ရာကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှု ဦးစီဌာနတွင် လုပ်ကိုင်ရမည်ဖြစ်ရာ ယခုနှစ်ကုန်ထိမပြောင်းလဲပဲ ကျန်ရှိနေသော ကားများကို စီမံချက်ဖြင့် ဖမ်းဆီးသွားမည်ဖြစ်သည်။

နယ်ဘက်တွေမှာ အများဆုံးရှိနေပါတယ်။ မြန်မာ အက္ခရာကနေ အင်္ဂလိပ်အက္ခရာကိုပြောင်းလဲဖို့လဲ နှိုးဆော်ထားပါတယ်။ တစ်ချို့ကားတွေက ခရီးဝေးထွက်နေတာတွေရှိတယ်။ အခုနှစ်အတွင်း အပြီးလာရောက်ပြောင်းလဲရမှာဖြစ်ပါတယ် ဟုနေပြည်တော်တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့မှုးရုံးမှပြောသည်။

မြန်မာအက္ခရာနံပါတ်မှနေ၍ အင်္ဂလိပ်အက္ခရာပြောင်းလဲသွားရန် ယခုနှစ်အကုန်အထိခွင့်ပြုထားပြီးပြောင်းလဲမှုမရှိဘဲ လမ်းပေါ်တွင် မောင်းနှင်ပါက ဖမ်းဆီးအရေးယူမည်ဖြစ်သည်။

ခေတ်သစ်

Author