ဘရိတ်စစ်ဆေးမှု အမှားအယွင်းများကြောင့် ဂျပန်ပြည်တွင်းဈေးကွက်အတွင်းရှိ မော်တော်ယာဉ် ၂ သန်းခန့်ကို Suzuki Motor မှပြန်လည်သိမ်းယူ

0

Full article

Suzuki Motor Corp. အနေဖြင့် ပြီးခဲ့သော ဧပြီ ၁၂ ရက်နေ့က ကြေညာခဲ့သည်မှာ ၂ဝ၁၆ ဧပြီလမှနောက်ပိုင်း ဂျပန်ပြည်တွင်းအသုံးပြုရန်အတွက် ထုတ်လုပ်ထားသော ကားအစီးရေ ၂ သန်းခန့်ကို ပြန်လည်သိမ်းယူသွားမည်ဖြစ်ပြီး ဘရိတ်အပါအဝင် စိတ်ချလုံခြုံရေးဆိုင်ရာ အဓိက အင်္ဂါရပ်များ စစ်ဆေးမှု အမှားအယွင်းများကြောင့်ဟု ဝန်ခံခဲ့ကြသည်။

အဆိုပါ ပြန်လည်သိမ်းယူမှု စီမံကိန်းသည် ကုမ္ပဏီအတွက် ယန်း ၈ဝ ဘီလီယံ ($714M) ခန့်အထိ ကုန်ကျနိုင်ဖွယ်ရာရှိနေသည်။
ဧပြီလ ၁၂ ရက်နေ့တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Toshihiro Suzuki မှ ဖေါက်သည်များ၏ ယုံကြည်မှုကို ကင်းမဲ့အောင်ပြုလုပ်ခဲ့ခြင်းအတွက် တောင်းပန်မှုပြုလုပ်ခဲ့သည်။ သို့ရာတွင် ကုမ္ပဏီ၏ အရေးကြီးသော လုံလောက်မှုမရှိသည့် စစ်ဆေးမှုများအပေါ် ကြီးကြီးမားမားလျစ်လျူရှုထားခဲ့ခြင်းအတွက် အရိပ်အမြွတ်သာပြောဆိုသွားခဲ့ပြီး Suzuki က သူသည် အဖွဲ့အစည်း၏ ဖွဲ့စည်းတည်ဆောက်ပုံကို ပြည်လည်တည်ဆောက်ရန်အတွက် ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
ပြန်လည်သိမ်းယူရသည့် အဓိကအကြောင်းအရင်းများမှာ ဘရိတ်စစ်ဆေးမှုအမှားအယွင်းများ၊ လောင်စာဆီအကျိုးထိရောက်စွာသုံးစွဲမှုအချက်အလက် အမှားအယွင်းများနှင့် နောက်ဆုံး စစ်ဆေးမှုအချက်အလက်များ သေချာမှုမရှိခြင်းတို့ပါဝင်နေပြီး Nissan ၊ Mazda နှင့် Mitsubishi သို့ထုတ်လုပ်ပေးခဲ့သည့် Suzuki ၏ မော်တော်ယာဉ်အစိတ်အပိုင်းထုတ်ကုန်များ၌ပင် အကျိုးသက်ရောက်မှုများ ရှိနေနိုင်သည်ဟု အဆိုပါ ပြန်လည်သိမ်းယူမှုနှင့်ပတ်သက်ပြီး ပြောဆိုနေကြသည်။

Ref: The Asahi Shimbum/Japan Today

Author

Comments