Suzuki Cherry Yoma ၏ Brand New Suzuki ကားအရောင်းပြပွဲကို ဒေါပုံမြို့နယ်ရှိ Capital Hypermarket တွင်ကျင်းပခဲ့

0

Full article

Suzuki Cherry Yoma မှ Brand New Suzuki ကားအရောင်းပြပွဲကို ဒေါပုံမြို့နယ်တွင်ရှိသော Capital Hypermarket မှာ မေလ ၂၁ ရက်နေ့ကနေ မေလ ၂၄ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။

ပြပွဲမှာတော့ Suzuki အမျိုးအစား Ciaz၊ Ertiga၊ Swif-GLX နဲ့ Swif-GL အမျိုးအစားကားသစ်များကို ပြသရောင်းချခဲ့ပြီး၊ ပြပွဲရက်အတွင်း လာရောက်ဝယ်ယူသူတွေကို အထူး promotion များလည်း ပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် AYA Super Suzuki Finance (Presented by Suzuki & AYA Bank) နဲ့လည်း ဝယ်ယူနိုင်ကြောင်းသိရပါတယ်။

AYA Super Suzuki Finance နဲ့ဆိုရင် မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ Suzuki ကားအရောင်းပြခန်းပေါင်း ၄၆ ခုမှာ Suzuki Brand New ကားသစ်တွေကို လွယ်လွယ်ကူကူနဲ့ ဝယ်ယူနိုင်ကြောင်းသိရပါတယ်။ Suzuki Brand New ကားသစ်တွေကို အများဆုံး ၇ နှစ်အထိ အရစ်ကျငွေပေးချေမှုစနစ်တွေနဲ့ ကနဦးပေးသွင်းငွေကို ၁ နှစ်မှ ၅ နှစ်အရစ်ကျအတွက် ကားတန်ဖိုးရဲ့ ၂ဝ% (အနည်းဆုံး)၊ ၆ နှစ်မှ ၇ နှစ်အရစ်ကျအတွက် ကားတန်းဖိုးရဲ့ ၂၅% (အနည်းဆုံး) အထိ ပေးသွင်းရမှာဖြစ်ပြီး အခမဲ့ဝန်ဆောင်မှုတွေ၊ အခမဲ့အရောင်းကော်မရှင်စနစ်တွေနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Zing

Author