Suzuki Yenadi ၏ Road Show ကို မြန်မာ ပလာဇာ တွင် ဇွန် (၈) ရက် နှင့် (၉) ရက်နေ့များတွင်ပြုလုပ်

0

Full article

![](/redline/content/images/2017/06/P1015820-300x225.jpg)

Suzuki Yenadi ရဲ့ road show ကို June (၈) ရက်နှင့် (၉) ရက်များတွင် မြန်မာ ပလာဇာ၌ ကျင်းပ ပြု လုပ်ခဲ့ပါသည်။

ယင်းပွဲတွင် Suzuki Yenadi မှ Suzuki Ciaz နှင့် Suzuki Ertiga အမျိုးစား နှစ်မျိုးကို ပြသရောင်းချခဲ့ပြီး အဆိုပါ ပြပွဲအတွင်း ဝယ်ယူပါက က.ည.န ခွန် နှစ်သိန်း ကျပ် သက်သာစေနိုင်မည့် အထူး Promotion ကို ပြုလုပ်သွားခဲ့ပါသည်။

မိသားစုသုံး ကားအဖြစ် အသုံးဝင်သည့် Ertiga မှာ ကားတန်ဖိုး ၂၃ဝ, ဝင်ငွေခွန် ၂၇ သိန်း၊ စုစုပေါင်း ၂၅၇ သိန်းသာ ကျသင့်မည်ဖြစ်သည်။ ထို့အပြင် Sedan အမျိုးအစားဖြစ်သော Ciaz မှာလည်း ကားတန်ဖိုး ၂၄၅ သိန်း ၊ ဝင်ငွေခွန် ၂၇ သိန်း စုစုပေါင်း ၂၇၂ သိန်းသာ ကျ သင့်မည်ဖြစ်ပြီး က.ည.န ခွန်များကို Promotion အဖြစ် ရရှိမည်ဖြစ်သည်။ အဆိုပါ ကားအမျိုးစား ၂ မျိုးစလုံးမှာ ၂ဝ၁၇ ထုတ် Model များဖြစ်ကြောင်း သိရပြီး SKD စနစ် ဖြင့် ထုတ်လုပ်သော ကားများဖြစ်၍ ရန်ကုန်လိုင်စင် ရရှိမည်ဖြစ်သည်။

Author