ဆူဇူကီး၏နောက်ဆုံးပေါ်ကားများနှင့် နည်းပညာများအား“မောင်းနှင်ခြင်း၏အနှစ်သာရ”ခေါင်းစဉ်ဖြင့်ရန်ကုန်နိုင်ငံတကာမော်တော်ယာဉ်ပြပွဲ ၂၀၂၀ တွင်ပြသ

0

Full article

၂၁၊ ဖေဖော်ဝါရီ၊ ၂၀၂၀ -  ဆူဇူကီး(မြန်မာ) မော်တော်ကုမ္ပဏီလီမိတက်မှနောက်ဆုံးပေါ်ကားများနှင့်ခေတ်မှီနည်းပညာများအားဒုတိယအကြိမ်မြောက်ကျင်းပသည့် ရန်ကုန်နိုင်ငံတကာမော်တော်ယာဉ်ပြပွဲတွင်ယနေ့ဝင်ရောက်ပြသခြင်းဖြစ်ပြီးအဆိုပါပြပွဲအားဖေဖော်ဝါရီလ၂၁ ရက်နေ့မှ၂၃ ရက်နေ့အထိရန်ကုန်ကွန်ဗန်းရှင်းစင်တာတွင်ကျင်းပသွားမည်ဖြစ်သည်။

ယခုနှစ်တွင်ဆူဇူကီးအရောင်းပြခန်း၏ခေါင်းစဉ်မှာ“မောင်းနှင်ခြင်း၏အနှစ်သာရ”ဖြစ်ပြီးကုမ္ပဏီအနေနှင့်သုံးစွဲသူများ၏စိတ်ကျေနပ်မှုနှင့် မျှော်လင့်မှုထက်ပိုမိုဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်ထားသည်။ ဝယ်ယူသူများအနေနှင့် သွားလာရန်အတွက်လိုအပ်သည့်ယာဉ်အနေဖြင့်သာမက ကားမောင်းရခြင်း၏အနှစ်သာရကိုပါခံစားနိုင်ရန်အတွက်ရည်ရွယ်ထားခြင်းဖြစ်သည်။

ဆူဇူကီးသည် မြန်မာနိုင်ငံ၏ကားသစ်ဈေးကွက်တွင် ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည်နှင့် အညီအများစု တတ်နိုင်သည့်ပမာဏနှင့် အရည်အသွေးမြင့်ကားများ၊ ဆိုင်ကယ်များကို အမျိုးအစားစုံလင်စွာ ရောင်းချပေးနေသောကြောင့် သုံးစွဲသူများအနေနှင့် စိတ်တိုင်းကျရွေးချယ်ခွင့်ရရှိမည်ဖြစ်သည်။

တချိန်ထဲတွင် မြန်မာနိုင်ငံရှိ ကုမ္ပဏီ၏ စက်ရုံနှစ်ခုမှ မြန်မာပြည်သူပြည်သားများအား အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခြင်းအားဖြင့် မြန်မာ့လူမှုအဖွဲ့အစည်းအား စိတ်ကျေနပ်မှုများပေးအပ်လျှက်ရှိသည်။

ထို့အပြင် ယခုနှစ်တွင် ဆူဇူကီးသည် မြန်မာနိုင်ငံ ကြက်တောင်ရိုက်အားကစားမယ်ဖြစ်သူ မသက်ထားသူဇာအား အားကစားမှတဆင့် မြန်မာ့လူမှုအဖွဲ့အစည်းအား စိတ်လှုပ်ရှားမှုများ မျှဝေပေးရန် ကူညီထောက်ပံ့ပေးနေသည်။

ဆူဇူကီး၏ “စိတ်ကျေနပ်စရာဝန်ဆောင်မှု”အစီအစဉ်အရနိုင်ငံတလွှားရှိ ဆူဇူကီးအရောင်းပြခန်း (၅၅) ခုမှ လေ့ကျင့်မှုအပြည့်အဝရထားသောဝန်ထမ်းများ၏ အရည်အချင်းပြည့်၀သောအရောင်းနှင့်ဝန်ဆောင်မှုများကို ဆူဇူကီးဝယ်ယူသုံးစွဲသူများအနေနှင့် ခံစားရရှိမည်ဖြစ်သည်။ ဆူဇူကီးအနေနှင့် အထက်ဖော်ပြပါအချက်အလက်များနှင့်အတူ ဝယ်ယူသုံးစွဲသူများဆီသို့ “မောင်းနှင်ခြင်း၏အနှစ်သာရ”ကို ဆောင်ကြဉ်းပေးနိုင်မည်ဟုယုံကြည်ပါသည်။

ကားပြပွဲမှ သတင်းစာရှင်းလင်းပွဲတွင်  ဆူဇူကီး (မြန်မာ)မော်တော်ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ Mr. Keiichi Asano က ဆူဇူကီး (မြန်မာ) မော်တော်အနေနှင့် ပြီးခဲ့သည့်၂၀၁၉ ခုနှစ်အတွင်း ဆူဇူကီးကားသစ် ၁၃,၂၀၅ စီး ရောင်းချခဲ့ရပြီး ကုမ္ပဏီ၏သမိုင်းတွင် အရောင်းရဆုံးနှစ်ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“သီလဝါအထူးစီးပွားရေဇုန်နဲ့ တောင်ဒဂုံမှာရှိတဲ့ကျွန်တော်တို့စက်ရုံနှစ်ခုကနေ တစ်လကို အစီးရေ ၁,၃၀၀ စီး လတ်တလော ထုတ်လုပ်လျှက်ရှိပါတယ်” ဟု ၎င်းကပြောကြားသည်။

ကားပြပွဲတွင်ဆူဇူကီးမှ Ertiga Upgraded မော်ဒယ်ကားသုံးစီးနှင့်အတူ ဆူဇူကီး၏နာမည်ကြီးမော်ဒယ်တစ်ခုဖြစ်သည့် Swift GLX ကို Suzuki Genuine Accessories များနှင့် အလှဆင်ထားသည့် တစ်စီးနှင့် အလှဆင်ထားမှုမရှိသည့်ပုံမှန် တစ်စီးပါထည့်သွင်းပြသထားသည်။

ထို့အပြင် “Smash 2020” မော်ဒယ်မော်တော်ဆိုင်ကယ်အသစ်ကိုလည်း မော်တော်ယာဉ် အရောင်းပြပွဲတွင်ထည့်သွင်းပြသွားမည်ဖြစ်သည်။ ကုမ္ပဏီအနေနှင့်မော်တော်ဆိုင်ကယ် လုပ်ငန်းအားယခင်နှစ်ကမြန်မာဈေးကွက်နှင့်စတင်မိတ်ဆက်ပေးခဲ့သည်။

ဆူဇူကီး၏ထုတ်ဖော်ပြောကြားချက်အရ ၂၀၁၉ ခုနှစ် ဧပြီလမှ ၂၀၂၀ခုနှစ် ဇန်နဝါရီလ အတွင်း ၇ ယောက်စီး MPV Ertiga တတိယမျိုးဆက်မော်ဒယ်အစီးပေါင်း ၄,၂၆၄ စီး ရောင်းချခဲ့ရကြောင်းသိရသည်။

ဖေဖော်ဝါရီလဆန်းပိုင်းတွင် လုပ်ဆောင်မှုအသစ် ၄ ခုပါဝင်သည့် Ertiga Upgraded Model အား  ဆူဇူကီးမှမိတ်ဆက်ခဲ့သည်။အဆိုပါလုပ်ဆောင်မှုများမှာ

  • Automatic လေအေးပေးစက် စနစ်၊ Touch panel ကိုဖုန်းဖြင့်ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည့်အပြင် Android Auto နှင့် Apple CarPlay များနှင့်ချိတ်ဆက်နိုင်ခြင်းနှင့် GPS စနစ်ပါ ထည့်သွင်းထားခြင်း
  • ကားအနောက်ခန်းတွင် လက်တင်တန်းပါဝင်ခြင်းနှင့်
  • ကားပါကင်ထိုးရာတွင်ပိုမိုအန္တရာယ်ကင်းရှင်းပြီး လွယ်ကူစေရန်အတွက် နောက်ကြည့် ကင်မရာ Built-in တပ်ဆင်ပေးခြင်း  တို့ပါဝင်သည်။

ယခု Ertiga upgraded model အားအရောင်လေးရောင်ဖြစ်သော Brave Khaki Pearl ၊ Snow White Pearl ၊ Cool Black Pearl Metallic နှင့် Magma Grey Metallic တို့ဖြင့် ဝယ်ယူရရှိနိုင်ပါသည်။ ထို့အပြင် စျေးနှုန်းမှာလည်း အများစုတတ်နိုင်သည့်ပမာဏ ဖြစ်သည့် မြန်မာကျပ်ငွေ ၂၉,၅၀၀,၀၀၀ သတ်မှတ်ထားပြီး မော်တော်ယာဉ်အရောင်းပြပွဲရှိဆူဇူကီး အရောင်းပြခန်းတွင်ခင်းကျင်းပြသထားသည်။

ဝယ်ယူသုံးစွဲလိုသူများအနေနှင့် ဆူဇူကီးကားသစ်များကိုတရားဝင်အရောင်းကိုယ်လှယ် များဆီမှတဆင့် အရစ်ကျငွေပေးချေမှုပုံစံများဖြစ်သော  AYA ဘဏ်၏ “AYA Super Suzuki Finance”နှင့် CBဘဏ်၏ “CB-Suzuki Easy Finance” တို့မှ ပေးချေနိုင်မည် ဖြစ်သည်။

ဆူဇူကီးအနေနှင့် ကိုယ်စားလှယ်များ ထပ်မံတိုးချဲ့လက်ခံလျက်ရှိပြီး လတ်တလောတွင်တစ်နိုင်ငံလုံးရှိ ကားအရောင်းပြခန်း (၅၅) ခန်းနှင့် ဆိုင်ကယ်အရောင်းကိုယ်စားလှယ် (၁၄) ခုရှိပြီး ကောင်းမွန်စွာလေ့ကျင့်ထားသောဝန်ထမ်းများနှင့်ထိရောက်မှုရှိပြီးမြန်ဆန်သောအရည်အသွေးမြင့်ဝန်ဆောင်မှုများပေးလျက်ရှိသည်ဟုသိရသည်။

ပိုမိုသိရှိလိုပါကဆူဇူကီး(မြန်မာ) မော်တော်ကုမ္ပဏီ၏အောက်ဖော်ပြပါ တရားဝင် Facebook စာမျက်နှာနှင့်ဝဘ်ဆိုဒ်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Facebook: www.facebook.com/suzukimyanmarmotorcoltd

Website: www.suzukimyanmar.com

Author