Full article

မော်တော်ဆိုင်ကယ်နဲ့ ကားများထုတ်လုပ်သည့် ဂျပန်အခြေစိုက် Suzuki ကုမ္ပဏီသည် မြန်မာနိုင်ငံ ကားဈေးကွက်သို့ တစ်ဖန်ပြန်လည်ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ကြောင်း Bloomberg News မှတစ်ဆင့်ကြားသိရသည်။ အဆိုပါ ဆုံးဖြတ်ချက်သည် တစ်နှစ်ကျော်အကြာမြန်မာ့ကားဈေးကွက်မှ ထွက်ခွာသွားပြီးမှ တိုးတက်လာသည့် ကားဈေးကွက်ကို အခြေခံကာ ပြန်လည်စဉ်းစားသုံးသပ်လိုက်ခြင်းဖြစ်ပါသည်။

Suzuki ကုမ္ပဏီသည် အခြား ဂျပန် partner တစ်ခုဖြစ်သည့် Ei Mochizuki နဲ့ Joint Venture အနေဖြင့်ပူးပေါင်းကာ ဈေးကွက်ကိုပြန်လည် ဝင်ရောက်မည်ဟု ဂျပန်အခြေစိုက် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Bloomberg ကိုဖြေကြားသည်။ သို့သော်လည်း မြန်မာပြည်တွင်ရှိသည့် မည်သည့်ကားကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်မည်ကို ထုတ်ဖော်ခြင်းမရှိသေးပါ။

Suzuki သည် မြန်မာ့ကားဈေးကွက်ကို ၁၉၉၈တွင် အစိုးရနဲ့အကျိုးတူပူးပေါင်းဝင်ရောက်ကာ မော်တော်ဆိုင်ကယ်နဲ့ကားများကို ထုတ်လုပ်ခဲ့ရာ 2010 စာချုပ်ကုန်ဆုံးထိအချိန်ထိဖြစ်ပါသည်။ ယခုတကြော့ပြန်ဝင်ရောက်ရန်စီစဉ်ရာတွင်လည်း ယခင်ရှိခဲ့သောစက်ရုံအလုပ်ရုံများကို ပြန်လည်အသုံးပြုမည်ဟုကြားသိရသည်။

မည်သို့ပင်ဖြစ်စေ၊ ကားဝါသနာရှင်များ၊ ယခင် Suzuki ပိုင်ရှင်များ၊ အသစ်ဝယ်ယူလိုသူများအတွက် သတင်းကောင်းတစ်ခုဖြစ်သလို စက်ရုံအလုပ်ရုံတွေမှ ပေးမဲ့ အလုပ်အကိုင်အခွင့်အလမ်းများကို စောင့်မျှော်နေသူအားလုံးအတွက် သတင်းကောင်းတစ်ခုဖြစ်တာ မလွဲပါပဲ။

Reference: Bloomberg

Author