အဆိုပါဈေးနှုန်းမှာ မော်တော်ယာဉ်တန်ဖိုးအတွက်သာဖြစ်ပြီး ယာဉ်မှတ်ပုံတင်ခြင်းအတွက် ကုန်ကျစရိတ်များ မပါဝင်ကြောင်းသိရှိရသည်။ ယင်းတန်ဖိုးနှင့် က.ည.န ထံ ပေးသွင်းရမည့် အခွန်အခများ ထည့်သွင်းတွက်ချက်ပါက ကျပ်သိန်းတစ်ရာဝန်းကျင် ကျသင့်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
SAF 2010
မော်တော်ယာဉ်အတွက် တစ်နှစ်(သို့)ခရီးမိုင် ၂ဝဝဝဝ အထိ အာမခံပေးထားပြီး အင်ဂျင်ပါဝါ ၁ဝဝဝ စီစီကားများဖြစ်ကာ အပိုပစ္စည်းများကိုလည်း ရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိတွင် ဆူဇူကီးပစ်ကပ်ကားနှင့် ပုံသဏ္ဍန်တူသည့် ၆၆ဝ စီစီရှိ ဂျပန်တစ်ပတ်ရစ်ကားတစ်စီးလျှင် ကျပ်သိန်း(၆ဝ)ခန့်ဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်း မော်တော်ကားဈေးကွက်အတွင်းမှ သိရှိရသည်။
မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်မှ Myanmar Suzuki Motor ကုမ္ပဏီကို ပြည်တွင်း၌ တစ်လလျှင် မော်တော်ယာဉ်အစီးရေ(၁ဝဝ)ထုတ်လုပ်နိုင်သည့် စက်ရုံတည်ဆောက်လုပ်ကိုင်ခွင့်ကို ယခုနှစ်ဇန်နဝါရီလမှ စတင်ခွင့်ပြုခဲ့သည်။
The Voice Daily မှ ကူးယူဖော်ပြသည်။