Suzuki Myint Myat Maung ၏ တန်ဆောင်တိုင်အထူးဈေးရောင်းပွဲတော် Road Show ကို ရန်ကုန်မြို့ Myanmar Plaza တွင်ကျင်းပလျက်ရှိ

0

Full article

Suzuki Myint Myat Maung ၏ တန်ဆောင်တိုင်အထူးဈေးရောင်းပွဲတော် Road Show ကို ၂၀၁၉ နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်နေ့များတွင် ရန်ကုန်မြို့ Myanmar Plaza တွင်ကျင်းပလျက်ရှိသည်။


တန်ဆောင်တိုင်အထူးဈေးရောင်းပွဲတော် Road Show ဖြစ်သည့်အတွက် Brand New Suzuki ကားသစ်များကို အထူးအစီအစဉ်၊ အထူးဝန်ဆောင်မှုများဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ Suzuki Myint Myat Maung ၏ တန်ဆောင်တိုင်အထူးဈေးရောင်းပွဲတော် Road Show တွင် Suzuki Ertiga, Suzuki Swift (GLX), Suzuki Swift (GL), Suzuki Ciaz , Suzuki Carry Truck တို့ကို အထူးဈေးနှုန်း၊ အထူးဝန်ဆောင်မှုများဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။

Suzuki brand New ကားသစ်များကို ရန်ကုန်လိုင်စင် ဖြင့် ရရှိနိုင်မည်ပြီး Suzuki နှင့် AYA Bank တို့ ပူးပေါင်းထားသည့် AYA SUPER SUZUKI FINANCE ဖြင့် 20% Down payment ဖြင့် ၅ နှစ်အရစ်ကျ၊ 25% Down payment ဖြင့် ၇ နှစ်အရစ်ကျ စနစ်၊ အခမဲ့ဝန်ဆောင်မှု၊ အခမဲ့အရောင်းကော်မရှင် များဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။


Suzuki Brand New ကားသစ်များကို အထူးအစီအစဉ်၊ အထူးဝန်ဆောင်မှုများဖြင့်ရောင်းချသွားမည့် Suzuki Myint Myat Maung တန်ဆောင်တိုင်အထူးဈေးရောင်းပွဲတော် Road Show ကို စိတ်ဝင်စားသူများအနေဖြင့် ရန်ကုန်မြို့၊ မြန်မာပလာဇာတွင် ၂၀၁၉ နိုင်ဝင်ဘာလ ၁၂ နှင့် ၁၃ ရက်နေ့များတွင် မနက် ၉ နာရီမှ ည ၉ နာရီအထိ စိတ်တိုင်းကျ သွားရောက်လေ့လာဝယ်ယူနိုင်ပါသည်။

Author