Full article

ဆူဇူကီးကား ထုတ်လုပ်ရေးက နားဝင်ဆိုးပြီး နားလည်ရ ခက်ခဲသော ပြည့်တန်ဆာဟု အဓိပ္ပါယ်ရသည့် Hustler အမည်ရှိ မီနီကား အမျိုးအစား ကားသစ်တစ်စီး ကို ထုတ်လုပ်ခဲ့သဖြင့် ဂျပန်ကား ဝယ်ယူသူများ နှင့်အင်္ဂလိပ်စကားပြော လုပ်ငန်းရှင်ကြီး များအကြား ဟာသပြက်လုံး ကဲ့သို့ ဖြစ်နေခဲ့သည်။

suzuki-Hustler-1

Hustler အမည်မှာ ၁၉၆၉ ခုနှစ်တွင် ထုတ်လုပ်ခဲ့သော Hustler 250 အမည်ရှိ လမ်းကြမ်းမောင်း ဆိုင်ကယ်ကို အမှတ်ရစေရန် အတွက်ဖြစ်ကြောင်း ထုတ်လုပ်ရေးမှ ပြောကြားခဲ့သည်။ နိုင်ငံရပ်ခြား ခရီးသွားများက လိင်အသားပေးမှု များကိုပိုမို ကြိုက်နှစ်သက် သည့်အတွက် ဆွဲဆောင်မှု ရှိသော စကားလုံးများနှင့် ပေါင်းစပ်ကာ ကားအမျိုးအစားများ ကိုထုတ်လုပ်ပြီး ငွေကြေးများ ရှာဖွေခြင်း ဖြစ်သည်။ ဈေးကွက်တွင် နားလည်ရ ခက်ခဲသော ကားအမျိုးအစားများ ဖြစ်ကြသည့် ဒိုင်ဟတ်စုကား ထုတ်လုပ်ရေးမှ ၂ဝဝဝ ခုနှစ် အမျိုးအစား အဖြစ် Naked ကားအမျိုးအစားနှင့် အီစူဇူးကား ထုတ်လုပ်ရေးမှ ၁၉၈၃ ခုနှစ် အမျိုးအစား အဖြစ် Bighorn ကားအမျိုးအစား တို့ ကဲ့သို့ပင် နားလည်ရ ခက်ခဲနိုင်သည့် ကားအမျိုးအစား ဖြစ်သည်။ မာဇဒါ ကားထုတ်လုပ်ရေး၏ ကား Laputa အမျိုးအစားကို စပိန် ဘာသာစကားတွင် လိင်အလုပ်သမ ဟုအဓိပ္ပါယ်ရပြီး မစ်ဆူဘီရှီ၏ ပါဂျဲရိုးကား အမျိုးအစား ကိုလည်း Montero လိင်အသားပေး ခံစားမှုများဟု အဓိပ္ပာယ်ထွက်သည်။ တိုကျိုအခြေစိုက် နိုင်ငံတကာ ဈေးကွက် စီမံခန့်ခွဲမှု ဒါရိုက်တာ မာဆာမိချိနာခမူရာက ကျွန်တော်တို့ ဂျပန်နိုင်ငံက ကျွန်းစုနိုင်ငံလေးပါ။ သမိုင်းထဲမှာ လည်း နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ပါတယ်။ နိုင်ငံတကာရဲ့ အယူအဆတွေကို မယူဘဲနဲ့လည်း ကျွန်တော်တို့ ပြည်တွင်း ကားဈေးကွက်က အကောင်းဆုံး ကြိုးစားအောင်မြင် နိုင်ခဲ့ပါတယ်ဟု ပြောကြားခဲ့သည်။

Ref: Auto World

Author

Comments