မြန်မာနိုင်ငံတွင် SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်နေသည့် _ Suzukiကားထုတ်လုပ်သည့် စက်ရုံမှ Suzuki _ Ciaz brand new ကားအမျိူးအစားကို ဝယ်ယူရန် ကြိုတင်မှာယူထားသည့် ကားအစီးရေ ၂ဝဝဝ ကျော် အထိရှိသွားပြီဖြစ်ကြောင်း Suzuki ကားအရောင်းပြခန်း ရုံးချူပ်မှသိရသည်။
မြန်မာနိုင်ငံတွင် Suzuki ကားများရောင်းချရန်အတွက် (Suzuki Authorized Dealer) ရယူထားသည့် ကားအရောင်းပြခန်းပေါင်း ၂၂ ခု ဖွင့်လှစ်ထားရှိပြီး ရန်ကုန်မြို့တွင် Suzuki ကားအရောင်း ပြခန်းပေါင်း ၁၁ ခု ဖွင့်လှစ်ထားရှိကာ အရောင်းပြခန်း ထပ်မံတိုးချဲ့ ဖွင့်လှစ်ရန် ရယူထားသည့် ကားအရောင်းပြခန်းများလည်း ရှိနေသေးကြောင်း သိရပါသည်။
"Suzuki Ciaz ကားကို ကြိုတင်ဝယ်ယူဖို့မှာထားတဲ့ ကားအစီးရေ ၂ဝဝဝ ကျော်ရှိသွားပါပြီ။ ကြိုတင်မှာထားတဲ့ကားတွေကို မတ်လကစပြီး လအလိုက် ဝယ်သူလက်ထဲကို အရောက်ပေးနိုင်ဖို့ လုပ်နေပါတယ်။ ကားရဲ့အရောင်က ၃ ရောင်ရှိပြီးတော့ အရစ်ကျစနစ်နဲ့ ၁ နှစ်က ၅ နှစ်အထိ ရောင်းချပေးနေပါတယ်။"ဟု Suzuki ကားအရောင်းပြခန်း ရုံးချုပ်က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
(Suzuki) မော်တော်ယာဉ်များကို တစ်နှစ်မှ ငါးနှစ်အထိ အရစ်ကျစနစ်ဖြင့် မြန်မာ့ရှေ့ဆောင်ဘဏ် (MAB)နှင့် ချိတ်ဆက်၍ စတင်ဝယ်ယူနိုင်မှာဖြစ်ရာ Suzuki Ciaz ကားတန်းဖိုးမှာ ကျပ်၂၄၆ သိန်း၇သောင်း သတ်မှတ်ထားရှိ ကြောင်းသိရသည်။