Suzuki Myanmar မှ Ciaz 2020 အတွက် online launching အခမ်းအနားပြုလုပ်ကျင်းပ

0

Full article

Suzuki Myanmar Motor မှ Brand New Suzuki Ciaz Upgraded Model ၏ တရားဝင်မိတ်ဆက်ပွဲအခမ်းအနား online launching event ကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၄ ရက်နေ့တွင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် Suzuki Myanmar Motor Co.,Ltd. ၏ Managing Director Mr. Keiichi Asano မှ အဖွင့်စကားပြောကြားခဲ့သည်။ Suzuki Ciaz Upgraded Model 2020  သည် နောက်ဆုံးပေါ် ဂျပန်နည်းပညာများနှင့်အတူ အသစ်ထွက်ရှိလာသည့် Model သစ်ဖြစ်ပြီး အဆိုပါ Suzuki Ciaz Upgraded Model Online launching event ကို ယနေ့ည ၇ နာရီတွင် Suzuki Myanmar Facebook page နှင့် SUZUKI Myanmar YouTube Channel တို့မှထုတ်လွှင့်ပြသခဲ့ခြင်းဖြစ်သည်။ Suzuki Ciaz 2020 Model တွင် Grille ၊ Headlight ၊ tail light ပုံစံအသစ်တို့ပြောင်းလဲသွားပြီး TV ပါရှိလာမည်ဖြစ်ကြောင်းသိရသည်။ ဈေးနှုန်းအားဖြင့် ၂၈၂ သိန်းကျသင့်မည်ဖြစ်သည်။ Suzuki Ciaz သည် မြန်မာနိုင်ငံ၏ ရောင်းအားအကောင်းဆုံး Sedan ကားအမျိုးအစားဖြစ်ပြီး လက်ရှိအချိန်အထိ အစီးရေပေါင်း ၉,၅၅၉ စီးရောင်းချနိုင်ခဲ့ပြီးဖြစ်သည်။

Suzuki Myanmar Motor ၏ စက်ရုံ၊ အလုပ်ရုံနှင့် အရောင်းပြခန်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း COVID -19 ကာကွယ်ရေးနည်းလမ်းများကို လိုက်နာပြီး၊ ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့ကစတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ အရောင်းပြခန်း ၅၆ ခုကို ပြန်လည်ဖွင့်လှစ်ဝန်ဆောင်မှုပေးလျက်ရှိကြောင်းလည်းသိရှိခဲ့ရသည်။

Author