Suzuki Motor Myanmar မှ Suzuki ကားအမျိုးအစား ၃ မျိူးကို ၂ဝ၁၉ ဇန်နဝါရီလ ၁ ရက်မှစ၍ စက်ရုံထုတ်ဈေး တိုးမြှင့်သတ်မှတ်ရောင်းချမည်

0

Full article

မြန်မာနိုင်ငံတွင် (SKD) semi-knock down စနစ်ဖြင့် အစိတ်အပိုင်းများအား တပ်ဆင်ထုတ်လုပ်ရောင်းရောင်းချနေသည့်Suzuki Motor Myanmar မှ Suzuki ကားအမျိုးအစား ၃ မျိူးကို ၂ဝ၁၉ ဇန်နဝါရီလ ၁ ရက်မှစ၍ စက်ရုံထုတ်ဈေး တိုးမြှင့်သတ်မှတ်ရောင်းချမည်ဖြစ်ကြောင်း Suzuki Motor Myanmar မှသိရပါသည်။

ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်နေသော Suzuki ကားအမျိူးအစား ၃ မျိူးဖြစ်သည့် Suzuki Ciaz ကားကို လက်ရှိစက်ရုံထုတ်ဈေး ကျပ် ၂၅၉ သိန်းရောင်းချပေးနေရာမှ ၁၃ သိန်းမြင့်တက်၍ ၂၇၂ သိန်း၊ Suzuki Swift GL Grade ကို လက်ရှိစက်ရုံထုတ်ဈေး ကျပ် ၁၉၉ သိန်းရောင်းချပေးနေရာမှ ကျပ် ၁ဝ သိန်းအထိဈေးမြင့်တက်၍ ၂ဝ၉ သိန်း၊ Suzuki Swift GLX Grade ကို လက်ရှိစက်ရုံထုတ်ဈေး ကျပ် ၂၂၉ သိန်းရောင်းချပေးနေရာက ကျပ် ၁၂ သိန်းဈေးနှူန်းမြင့်တက်၍ ကျပ် ၂၄၁ သိန်း၊ Suzuki Carry ကားကို လက်ရှိမှာ စက်ရုံထုတ်ဈေး ကျပ်ငွေ ၈,၅၈ဝ,ဝဝဝ ရောင်းချပေးရာမှကျပ်ငွေ ၄၃ဝ,ဝဝဝ ဈေးမြင့်တက်၍ ကျပ် ၉,ဝ၁ဝ,ဝဝဝ သိန်း ဖြင့် ဇန်နဝါရီ ၁ ရက်မှစ၍ ပြောင်းလဲရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

"Suzuki ကားအမျိုးအစားသုံးမျိုးကို ဇန်နဝါရီ ၁ ရက်ကစပြီး စက်ရုံထုတ်ဈေး ပြောင်းလဲသွားမှာပါ။ Suzuki Swift GL ၁ဝ သိန်းSwift GLX ၁၂ သိန်း၊ Suzuki Ciaz ကားကို ၁၃ သိန်းနဲ့ Suzuki Super Carry ကားကို ၄ သိန်း ၃ သောင်းဈေးတက်သွားမှာပါ။ Suzuki Ertiga ကားအမျိူးအစားကတော့ ဈေးနှုန်းမပြောင်းပါဘူး။လက်ရှိရောင်းချပေးနေသည့်ဈေးနဲ့ဘဲ ဝယ်ယူလို့ရပါတယ်။"ဟု (Suzuki Authorized Dealer) ရယူထားသည့် ကားအရောင်းပြခန်းမှ တာဝန်ရှိသူတစ်ဦးက သိရသည်။

မြန်မာနိုင်ငံတွင် Suzuki ကား များရောင်းချရန်အတွက် (Suzuki Authorized Dealer) ရယူထားသည့် ကားအရောင်းပြခန်းပေါင်း ၃၉ ခု အထိဖွင့်လှစ်ထားရှိပြီး ရန်ကုန်မြို့တွင် Suzuki ကားအရောင်း ပြခန်းပေါင်း ၁၁ ခုဖွင့်လှစ်ထားရှိရာ SUZUKI ကားအမျိူးအစား ၃ မျိူးဖြစ်သည့်suzuki Ciaz, Suzuki Ertiga, Suzuki Carry truck အမျိူးအစားများ ထုတ်လုပ်တပ်ဆင်ရောင်းချပေးနေလျှက်ရှိကြောင်းသိရသည်။

Author