ထောက်ကြန့်တွင် ယာဉ်မောင်းအား ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့သူ ဆိုင်ကယ်သမားငါးဦးကိုဖမ်းမိ

0

Full article

မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်တွင် ဖေဖော်ဝါရီ ၅ ရက် နေ့လည် ၁၂ နာရီခွဲခန့်က ဆူဇူးကီးကယ်ရီမော်တော်ယဉ် မောင်းနှင်သည့် အမျိုးသားတစ်ဦးကို ဝိုင်း ဝန်းထိုးကြိတ်ရိုက်နှက်ခဲ့သည့် အမျိုးသားငါးဦးကို (၃) နာရီအတွင်း ဖမ်းမိခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

ထောက်ကြန့် မြောက်ပိုင်းရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတစ်ဦးသည် ဖေဖော်ဝါရီ ၅ ရက် နေ့လည် ၁၂ နာရီခွဲခန့်က ၎င်း၏ဇနီးဖြစ်သူနှင့်အတူ သိမ်ကြီးဈေးတွင် ဈေးသွားဝယ်ပြီး ဆူဇူကီးကယ်ရီ အမျိုးအစားယာဉ်တစ်စီးကို မောင်းနှင်လျက်ပြန်လာစဉ် ထောက်ကြန့်၊ စစ်သင်္ချိုင်းရှေ့အရောက်တွင် ကားလမ်းများပိတ်၍ ကားရပ်ထားနေစဉ် ၎င်းကားအနီး ဆိုင်ကယ်(၃)စီးမှာလည်း ရပ်စောင့်နေသည်ကိုတွေ့ခဲ့ရကြောင်း ၊ ထိုအချိန်ကားတစ်စီးမှ ကျော်တက်သွားသဖြင့် ၎င်းလည်းကားအား မောင်းနှင်ပြီး ရုတ်တရက်ဘရိတ်အုတ်လိုက်စဉ် ဆိုင်ကယ်သမားမှလည်းမောင်းရန်ပြင်ပြီးမှ ဘရိတ်အုပ်လိုက်သဖြင့် လန့်သွားပြီး ဆိုင်ကယ်သမားများမှ ဆဲဆိုခဲ့ကြောင်း၊
ယာဉ်မောင်းသူမှ ကားအားဆက်မောင်းသွားရာ ထောက်ကြန့်လမ်းဆုံအနီးအရောက် ဆိုင်ကယ်(၃)စီးအနက်မှ တစ်စီးသည် ကားအရှေ့သို့ ကန့်လန့်ဖြတ်ပိတ်ပြီး ဆိုင်ကယ်(၃)စီးပေါ်မှ အမျိုးသား(၅)ဦးတို့က ဆိုင်ကယ်ပေါ်မှဆင်းကာ ဝိုင်းဝန်းထိုးကြိတ်ဆဲဆိုရိုက်နှက်ခဲ့ မှူဖြစ်ပွားခဲ့ပြီး ကား၏ရှေ့လေကာမှန်နှင့် နောက်ကြည့်မှန်တို့ ကို ရိုက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ထောက်ကြန့်နယ်မြေ ရဲစခန်းတွင် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီး ရမိရေးအတွက် ရဲတပ်ဖွဲ့ကပိတ်ဆို့ဖမ်းဆီးရာ ဖေ ဖော်ဝါရီ ၅ ရက် ညနေ ၆ နာရီခွဲခန့်က လှိုင်သာယာ မြို့နယ်နှင့် မှော်ဘီမြို့နယ်တွင် နေထိုင်ကြသူများ ဖြစ်သောအသက် ၂၅ နှစ်ခန့်အရွယ် ကိုမင်းထက် အောင်အပါအဝင် ၅ ဦးကို ဖမ်းဆီးရမိခဲ့ ခြင်းဖြစ်ပါသည်။

ဖြစ်စဉ်တွင် ပါဝင်သူ ဖမ်းဆီးရမိသူ ၅ ဦး ကို ထောက်ကြန့်နယ်မြေရဲစခန်းက (ပ) ၁ဝ၆/၂ဝ၁၈ ရာဇသတ်ကြီးပုဒ်မ ၄၄ဝ/၃၂၃/၂၉၄/၁၁၄ ဖြင့် အမှု ဖွင့်စစ်ဆေးနေပြီး ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ် သုံးစီးမှာ လိုင်စင်မဲ့ဖြစ်ကြောင်း စစ်ဆေးသိရှိရသည့် အတွက် ပို့ကုန်သွင်းကုန်ဥပဒေဖြင့်ပါ အရေးယူသွား ရန်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးရုံးထံမှ သိရှိရပါသည်

Photo Credit : Yangon Police

Author