FF Motor Show 2015 ရဲ့ စိတ်ဝင်စားဖွယ်အကောင်းဆုံး SUV ကို ပြပါဆိုရင် Bentley ရဲ့ Bentayga ကိုပဲ ပြရမှာဖြစ်ပါတယ်.။ Bentley ရဲ့ အဆိုအရ ဒီကားဟာ ကမ္ဘာပေါ်မှာ အမြန်ဆုံး၊ powerful အဖြစ်ဆုံး၊ ဇိမ်အကျဆုံး၊ နဲ့ သီးသန့်ထုတ်လုပ်ထားတဲ့ ကားဖြစ်ပါတယ်လို့ ဆိုပါတယ်.။ 12 cylinder အင်ဂျင်ကို အသုံးပြုထားပြီး မြင်းကောင်ရေ 600 အား အထိ ရရှိမှာဖြစ်တဲ့အပြင် 0-60 mph ကို 4 စက္ကန့်အတွင်း ရောက်ရှိမှာဖြစ်တဲ့အတွက် Bentley ရဲ့ အဆို မှန်ကန်တယ်လို့ ပြောရမှာဖြစ်ပါတယ်.။ ခန့်ညားတဲ့ အတွင်းခန်းထဲမှာ နောက်ဆုံးပေါ်နည်းပညာ အမြင့်တွေနဲ့ တည်ဆောက်ထားတဲ့ Bentley Bentayga ရဲ့ အောင်မြင်မှု ဘယ်လောက်အထိ ရှိမလဲဆိုတာကိုပဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်.။
Bentley အပြင် ကုမ္ပဏီရဲ့ ပထမဆုံး SUV ကို ဖော်ထုတ်ပြသခဲ့တဲ့ နောက်ထပ် ကုမ္ပဏီတစ်ခုကတော့ Jaguar ဖြစ်ပါတယ်.။ Jaguar ဟာ သူ့ရဲ့ ညီနောင်ကုမ္ပဏီဖြစ်တဲ့ Land Rover ရဲ့ SUV ကားတွေနဲ့ ကွဲပြားတဲ့ဒီဇိုင်းနဲ့ ပွဲထွက်လာပြီး Sport ကားပုံစံ ပိုဆန်တာကိုတွေ့ရပါတယ်.။ F-Pace လို့ အမည်ရတဲ့ ဒီ SUV ဟာ 3-liter twin-vortex အင်ဂျင်ကိုအသုံးပြုထားပြီး မြင်းကောင်ရေ 340 အားအထိ ထုတ်လုပ်ပေးနိုင်ပါတယ်.။ 0-60 mph ကို 5.4 စက္ကန့် အတွင်း အရောက်မောင်းနှင်နိုင်မှာဖြစ်ပြီး 155mph အထိ အမြင့်ဆုံးရောက်ရှိနိုင်မှာဖြစ်ပါတယ်.။ F-Pace ဟာ Power အရဆိုရင်တော့ Bentayga ထက် နည်းပါးပေမယ့် sport ဆန်တဲ့ ကားရဲ့ ပုံစံကြောင့် လူကြိုက်များနိုင်တဲ့ ကားတစ်စီးပဲဖြစ်ပါတယ်.။
ထုတ်လုပ်ထားတဲ့ SUV တွေရဲ့ အားနည်းချက်ကတော့ SUV ကားတွေထဲက အနည်းငယ်ကပဲ Off road မောင်းနှင်တဲ့နေရာမှာ အဆင်ပြေပါသေးတယ်.။ ဒါကို သိတဲ့ Marcedes ဟာ G500 4×4 ကို ပြသခဲ့ပြီး Off road မောင်းနှင်ဖို့အတွက် အဓိကထုတ်လုပ်ထားတာဖြစ်ပါတယ်.။ ဒီကားမှာ မြင်းကောင်ရေ 422 ကောင်အား အင်ဂျင်ကိုတပ်ဆင်ထားပြီး ဒါမှမလုံလောက်သေးရင် မြင်းကောင်ရေ 500 အားအထိ တိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်.။ နာမည်ကြီး SUV ကားထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Land Rover ဟာလဲ အသစ်ထွက်ရှိလာတော့မယ့် James Bond ဇာတ်ကားသစ် spectre မှာ ပါဝင်မယ့် ကားအသစ် (၂) စီးကို ထုတ်ဖော်ပြသခဲ့ပါသေးတယ်.။
Wirtten by: အောင်မွန်ချမ်း
Ref: gizmag
No.1 Car Site in Myanmar