စင်္ကာပူနိုင်ငံ Expo Hall မှာ ပြုလုပ်ခဲ့တဲ့ ဒီပွဲဟာ ၃နှစ်မြောက်ဆက်တိုက် ကျင်းပခြင်းဖြစ်ပြီး လူ ၆ဝဝဝဝ ကျော်တက်ရောက်ခဲ့မည်ဟု ကျွမ်းကျင်သူများက မှန်းဆကြပါတယ်။ ပွဲစီစဉ်သူများအဆိုအရ ကားအများစုဟာ အမေရိကန်နဲ့ ဥရောပထုတ်ဖြစ်ပြီး ဂျပန်ကားများအနည်းအကျဉ်းသာ ပါဝင်ခဲ့ပါတယ်။ ကားကောင်းမှန်လျှင် မော်ဒယ်ချောမော်ဒယ်လှများတွဲဖက်ရမည်ဆိုသည့်အတိုင်း အမေရိကန်၊ ထိုင်းနဲ့ ထိုင်ဝမ်နိုင်ငံမှ အလှဓါတ်ပုံမော်ဒယ် ၂ဝကျော် လည်းပွဲအတွင်း ပြသဖျော်ဖြေ ဓါတ်ပုံရိုက်ခံနေကြတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ နှစ်တိုင်းကျင်းပမြဲဖြစ်တဲ့ မော်ဒယ်ရှိုးပွဲတစ်ခုကိုလည်း ကားရှိုးနဲ့တွဲဖက် ကျင်းလင်းပသခဲ့ပါတယ်။
အလှပဂေးများ၊ ဓါတ်ပုံဆရာများ၊ ကားဝါသနာရှင်များ တဖျပ်ဖျပ် တရုန်းရုန်းနဲ့ စီကားတဲ့ ကားပြပွဲကြီးဖြစ်ပါတယ်။ မော်တော်ကားများအပြင် ကားနဲ့ပတ်သက်သော အပိုပစ္စည်းများ၊ အင်ဂျင်စက်ပစ္စည်းများ၊ ကားအလှဆင်ပစ္စည်းများ၊ နိုင်ငံတကာကားအလှဆုရထားသော ကားများ၏ ပြင်ဆင်ထားပုံများ (ဥပမာ ရေငွေ့တလုံးလုံးထနေသော စပီကာကြီးများ၊ စိန်စီထားသော အတွင်းခန်းများ) စသည့် ထူးခြားအံ့သြဖွယ်ရာများ အစုံအလင်တွေ့မြင်မှတ်သားခဲ့ရပါသည်။
ပွဲ၏ အားနည်းချက်တစ်ခုကတော့ ဇိမ်ခံကား၊ ပြိုင်ကားများ အင်မတန်များပြားနေခဲ့ပြီး ကားအမျိုးစုံလင်စွာ မတွေ့ရခြင်းပါပဲ။ နောက်ပြီး ကျွန်တော်တို့ မြန်မာတွေအကြိုက် ဂျပန်ကားတွေထဲမှာလည်း Suzuki တစ်မျိုးသာ ကောင်းကောင်းကန်းကန်းတွေ့ခဲ့ရပါတယ်။ Suzuki Swift Sports Type တွေကို ခြယ်သဆင်ထားတာကိုလည်း အားရစရာတွေ့ရပါတယ်။
မြန်မာနိုင်ငံတွင်လည်း များမကြာခင်မှာ Suzuki Swift ကို ပျံနေအောင်အလှဆင်ပြီး စီးနှင်းကြမည်ကို မြင်ယောင်နေပါသည်။ ကာတွန်းဝါသနာရှင်များကလည်း သူတို့ကြိုက်နှစ်သက်ရာ ဂျပန်ကာတွန်းများဖြစ်သည့် Doraemon, Bleach, DragonBall စတဲ့ ဇာတ်ကောင်တွေကို ကားအပြည့်ခြယ်မှုန်းထားသည်ကိုလည်း တွေ့ရပါသည်။
ထို့အပြင် မကြာသေးခင်က ဟိုးလေးတကျော်ဖြစ်သွားတဲ့ စင်္ကာပူမှ Ferrari ယာဉ်တိုက်မှုကြောင့်ဖြစ်မည်ထင်သည် – Ferrari ကားများ ၂စီးသာပြထားတာကိုတွေ့ရပါတယ်။ အများစု ပြိုင်ကားများကတော့ Lamborghini တွေပါပဲ။
သတင်းဓါတ်ပုံများအစုံအလင်ကို ဟောဒီကျွန်တော်တို့၏ Facebook Public Photo Album တွင် သွားရောက်လေ့လာနိုင်ပါတယ်။