ကျောင်းကားပြေးဆွဲမှု မီနီဘတ်စ် အပြင် စူပါကာစတန် ဘရင်းကယ်ဘန် ကားများကိုပါ ခွင့်ပြုပေးသင့်

0

Full article

![width=300](/redline/content/images/2017/05/ded3-e1494470941674-300x151.png)

ကျောင်းကားပြေးဆွဲရာတွင် မီနီဘတ်စ်အပြင် လမ်းကျဉ်းများတွင်ပါ သွားရလာရလွယ်သည့် စူပါကာစတန်၊ ဘရင်းကယ်ဘန်ကဲ့သို့သောကားများကိုပါရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဘက်က ခွင့်ပြုပေးသင့်ကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းကြိုပို့ယာဉ်များကို mini bus ယာဉ်များဖြင့် အစိုးရမှသတ်မှတ်ပြောင်းလဲဆွဲခိုင်းထားမူအပေါ် လေ့ကျင့်ရေးအထက်တန်းကျောင်း (TTC)မိဘဆရာအသင်းက ယာဉ်ပိုင်ရှင်များ၏ အခက်အခဲများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ပြန်လည်တင်ပြပေးမည်ဖြစ်ကြောင်း ရန်ကုန်ပညာရေးလေ့ကျင့်ရေး အထက်တန်းကျောင်း (TTC)ကမာရွတ်၌ ပြေးဆွဲနေသည့် ကျောင်းကားပိုင်ရှင်များနှင့် ပါမောက္ခချုပ်များ ဆရာဆရာမများ မေလ(၉)ရက် နေ့လည်ပိုင်းက ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ School Bus အကြီးကြီးတွေနဲ့ လုပ်တဲ့အခါကျတော့ တချို့ကလေးတွေနေတဲ့ နေရာတွေက လမ်းလေးတွေက ကျဉ်းတယ်။ School Bus အကြီးကြီးတွေဆို အဆင်မပြေတော့ဘူး။ စူပါကာစတန်၊ ဘရင်းကယ်ဘန်တို့လို အိမ်ရှေ့အရောက်ကြိုပေးတဲ့ ကားမျိုးကို ပိုစီးကြတယ် " လို့ ကျောင်းကြိုပို့ဖယ်ရယ်လုပ်ကိုင်နေသူဦး မြင့်မောင်က ပြောပါတယ်။ ကျောင်းကားပြေးဆွဲရန်အတွက် ကိုရီယားနိုင်ငံတွင် ပြေးဆွဲသည့် ကျောင်းကားပုံစံ၊ ကိုရီးယားနိုင်ငံထုတ် ကားများဖြင့်ပြေးဆွဲကာ ကျပ်သိန်း(၁၃ဝ)ခန့် ကားများကို မှာယူမည်ဟု သိရကြောင်း ကျောင်းကားပြေးဆွဲနေသူများက ပြောကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ယာဉ်ကြောပိတ်ဆို့မှု ဖြေလျှော့နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျောင်းပေါင်း (၂၆)ကျောင်းတွင် ကျေင်းကားစနစ်အား လာမယ့် စာသင်နှစ်တွင် စတင်ပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ခေတ်သစ်

Photo Credit

Author