သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ ခရီးသည်တင်ယာဉ်များ စီမံရန် ဆပ်ကော်မတီများဆက်လက်ဖွဲ့စည်းသွားမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အား ဇူလိုင်လ ၈ ရက်နေ့တွင် အဖွဲ့ဝင် ၁၆ ဦးဖြင့်ဖွဲ့စီးပြီးဖြစ်သည်။ အဆိုပါအဖွဲ့အနေဖြင့် ခရီးသည်တင် ယာဉ်များအား ကိုင်တွယ်စီမံရန် ဆပ်ကော်မတီများဖွဲ့စည်းသွားမည်ဖြစ်သည်။ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အနေဖြင့် သယ်ယူပို့ဆောင်ရေးနျင့် ပက်သက်သည့် အမိန့်ကြေငြာချက်များ ထုတ်ပြန်နိုင်ရန် ဥပဒေတစ်ခုအား ရေးဆွဲ၍ လွှတ်တော်သို့ တင်ပြသွားရန်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို အဖွဲ့ဝင် ၁၆ ဦးနဲ့ ဖွဲ့စီးပြီးဖြစ်ပါတယ်။ ယာဉ်လိုင်းတွေကို စီမံဆောင်ရွက်မယ့် ဆပ်ကော်မတီကို မကြာခင်ဖွဲ့စည်းသွားမှာပါ။ ဟု သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့တာဝန်ရှိသူတစ်ဦးကဆိုသည်။

မထသ အဖွဲ့အစည်းကို ယခုလအတွင်းမှ ဖျက်သိမ်းသွားမည်ဖြစ်ပြီး ခရီးသည်တင် ဘတ်စ်ကားများကို စနစ်တကျ သွားလာစေရန် အဓိကလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ခေတ်သစ်

Author