ပြည်ပနိုင်ငံများက ကားတင်သွင်းရာတွင် ၂ဝ၁၇ ခုနှစ်အတွက် အကောက်ခွန်ဒဏ်ကြေးများ သတ်မှတ်ရာတွင် Surb brand ကွဲလွဲနေပါက 1/AV ဒဏ်ကြေးသတ်မှတ်ထားသော်လည်း အချို့ကားများမှာ Brand တစ်ခုလျှင် Sub brand နှစ်မျိူ းပါဝင်နေသော ကားများရှိနေကြောင်း ကားတင်သွင်းသူလုပ်ငန်းရှင်များက သိရပါတယ်။Main brand အဖြစ်တင်သွင်းလာသော လုပ်ငန်းသုံးကားများဖြစ်သည့် Mitisubishi ကားများတွင် Sub brand အဖြစ် Fuso တံဆိပ်နှင့် Canter တံဆိပ် နှစ်မျိူ းစီပါရှိနေပြီး ထိုကားများကို မည်သည့် Sub Brand ဖြင့်မဆု ဒဏ်ရိုက်အရေးယူ၍ ရနိုင်နေကြောင်းသိရပါတယ်။
Sub Brand ကွဲလွဲနေရင် 1/AV ဒဏ်ရိုက်မယ်လို့ပြောထားတယ်။ဒါပေမယ့် တစ်ချို့ ကားတွေမှာ Main Brand တစ်ခုကို Sub Brand နှစ်ခုစီပါနေတယ်။ ဒါကို တစ်ခုခုနဲ့ ID ဖွင်မယ်ဆိုရင်လည်း တစ်ခုက ကွဲလွဲနေမှာ။လုပ်ငန်းသုံးထဲမှာ Sub Brand နှစ်မျိူ းပါတာတွေ အများကြီးရှိနေပါတယ်ဟု လုပ်ငန်းသုံးကားများတင်သွင်းနေသူ ကိုသက်နိုင်ဦးက ပြောပါတယ်။
၂ဝ၁၇ ခုနှစ်အတွက် အကောက်ခွန်ဒဏ်ကြေး သတ်မှတ်ချက်များကို မတ်လ ၁၁ ရက်နေ့မှစကာ အရေးယူဆောင်ရွက်တော့မှာဖြစ်ရာ အချိူ့သော ကိစ္စရပ်များကို တိကျသေချာစွာ ဖော်ပြထားသင့်ကြောင်းသိရပါတယ်။
ခေတ်သစ်